#LocalNews
Published - 23 June 2022

 

၂၀၂၃ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင်တန်းများ၊ ဆေးပညာမဟာသိပ္ပံကျောင်းများနှင့် ပါရဂူဘွဲ့သင်တန်းသားများကို လျှောက်ထားရန် ခေါ်ယူနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာထားသည်။

 

ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဆေးပညာဘွဲ့လွန်သင်တန်းများကို လုပ်ငန်းခွင်ဝင်ရောက်သည့် လုပ်သက်ကန့်သတ်ချက်မထားဘဲ ခေါ်ယူသင်ကြားစေမည်ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းသို့လျှောက်ထားလိုသူများ အနေဖြင့် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပါက မိမိတက်ရောက်လိုသေ ာတက္ကသိုလ်များသို့ သြဂုတ်လ ၁၉ ရက်နောက်ဆုံးထား၍ ဘွဲ့လွန်သင်တန်းဝင်ခွင့်လျှောက်လွှာများ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

 

ယင်းအပြင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးကျောင်းသားများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားခွင့်ပြုကြောင်းလည်း ကြေညာထားသည်။

 

ymg/sth
#Yangon_Media_Group