#LocalNews
Published - 21 June 2022

 

အင်ချွန်း-ရန်ကုန်လေကြောင်း ခရီးစဉ်ပြေးဆွဲမှုကို လာမည့် ဇူလိုင်လ ၆ ရက်တွင် ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းလိုင်း MAI မှ ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် ရန်ကုန်-အင်ချွန်းခရီးစဉ်ကို MAI၊ Korean Air စသည့် လေကြောင်းလိုင်းများက ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လေကြောင်းလိုင်းများအနေဖြင့် ဇူလိုင်လ ၆ ရက်တွင် စတင်ပျံသန်းမည့် ရန်ကုန်-အင်ချွန်းခရီးစဉ်အတွက် လက်မှတ်ကြိုတင်ရောင်းချမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

 

လာမည့် ဇူလိုင်လ ၆ ရက်တွင် အင်ချွန်း-ရန်ကုန်-အင်ချွန်း ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အင်ချွန်း-ရန်ကုန်ခရီးစဉ်အတွက် Commercial Flight ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group