#LocalNews
Published - 18 June 2022

 

ပြည်တွင်း၌ ဓာတ်ဆီဈေးနှုန်းမြင့်တက်နေမှုကြောင့် တစ်ပိုင်တစ်နိုင် ဖိနပ်လုပ်ငန်းလုပ်ကိုင်နေကြသည့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေကြောင်း အဆိုပါ ဖိနပ်လုပ်ငန်းများက သိရသည်။

 

"ဓာတ်ဆီဈေးတွေတက်လို့ ဖိနပ်ကမလုပ်ရဘူး။ ဒီချိန်ဆိုရင် အရင်က မနားရဘူး တောက်လျှောက်လုပ်ရတယ်။ အခုကျတော့ ဖိနပ်ကမလုပ်ရတော့တာ နှစ်လကျော်သွားပြီ။ ဘာလုပ်စားလို့ လုပ်ရမှန်းတောင်မသိတော့ဘူး။ အလုပ်လက်မဲ့ဖြစ်သွားတာပေါ့။ စားဝတ်နေရေးအတွက်ကို တော်တော်လေးရုန်းရတယ်"ဟု ဖိနပ်လုပ်ငန်းလုပ်ကိုင်သည့် မသိမ့်က ပြောသည်။

 

ယင်းတို့အနေဖြင့် ကတ္တီပါဖိနပ်မျိုးစုံကိုလုပ်၍ ဈေးများတွင်လက်လီလက်ကားရောင်းချသည့် ဆိုင်များသို့ ပုံမှန်ပို့သည့်လုပ်ငန်းမှာ လက်ရှိတွင် ဓာတ်ဆီဈေးနှုန်းဆက်တိုက်မြင့်တက်နေသည့်အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းမှာလည်း ဆက်တိုက်မြင့်တက်နေသည့်အတွက် အခက်အခဲများစွာရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

 

ဇွန်လ ၁၇ ရက် ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီဈေးနှုန်းမှာ ၉၅ တစ်လီတာ ၂၃၄ဝ ကျပ်၊ ၉၂ တစ်လီတာ ၂၂၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၇၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၉၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group