#LocalNews
Published - 18 June 2022

 

အသေးစားငွေရေးကြေးရေး ကုမ္ပဏီတစ်ခုဖြစ်သော ငွေသရဖူအသေးစား ငွေရေးကြေးရေးကုမ္ပဏီ (Silver Crown) အနေဖြင့် ကုမ္ပဏီကို အပြီးဖျက်သိမ်းကြောင်း ဇန်နဝါရီလ ၁၈ ရက်တွင်တရားဝင်ကြေညာခဲ့သည်။

 

ကုမ္ပဏီအနေဖြင့် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများရှိသဖြင့် မေ ၂၀၂၂ မှ စတင်၍ အပြီး ဖျက်သိမ်းထားခြင်းဖြစ်ကြောင်း ယင်းကြေညာစာတွင် ဖော်ပြထားသည်။

 

အဆိုပါ ကုမ္ပဏီကိုအသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ လုပ်ငန်းလုပ်ကိုင်ခွင့်ယာယီလိုင်စင်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

 

ယင်းကုမ္ပဏီမှာ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း လုပ်ငန်းဖျက်သိမ်းသည့် ပထမဆုံး အသေးစားငွေရေးကြေးရေးကုမ္ပဏီလည်းဖြစ်သည်။

 

လက်ရှိတွင် LOLC၊ AEON၊ BNF အစရှိသည့် အသေးစားငွေရေးကြေးရေးကုမ္ပဏီများသည်လည်း အဆင်မပြေမှုများရှိနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group