#LocalNews
Published _18 June 2022

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသေးစားနှင့် အလတ်စား စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေးချေးငွေ အမြင့်ဆုံး ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

 

SME စိုက်ပျိုးရေး လုပ်ငန်းများအတွက် စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးပေးရာတွင် လယ်ယာကုန်ထုတ်လုပ်ငန်းများနှင့် စိုက်ပျိုးရေး သွင်းအားစုများ ထုတ်လုပ်နေသည့်လုပ်ငန်းများ အကျုံးဝင်မည်ဖြစ်ပြီး SME မှတ်ပုံတင်ထားသည့် လုပ်ငန်းများဖြစ်ရန် လိုအပ်ကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

ယခင်က တောင်သူတစ်ဦးလျှင် အမြင့်ဆုံးချေးငွေ ကျပ်သိန်း ၅၀၀ အထိ ထုတ်ချေးပေးထားပြီး၊ ယခုနှစ်မှစတင်၍ ကျပ်သိန်း ၇၀၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ တောင်သူအစုအဖွဲ့ အနည်းဆုံး သုံးဦးကို ယခုနှစ်တွင် အမြင့်ဆုံး ချေးငွေ ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူကြီးများနှင့် တောင်သူအစုအဖွဲ့များကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအရ JICA နှင့် ပူးပေါင်းကာ လယ်ယာစိုက်ပျိုးရေးချေးငွေများကို ၂၀၁၇ ခုနှစ်မှ စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group