#LocalNews
Published _ 18 June 2022

 

အခြေခံပညာအလယ်တန်းအဆင့် ရှစ်တန်းအောင်မြင်ပြီးသူများအနေဖြင့် ပထမဆုံး သမဝါယမ စာရင်းကိုင်ပညာ သင်တန်းကျောင်းများကို တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းကာလကို ၂ နှစ် သတ်မှတ်ထားပြီး ပထမနှစ်တွင် Business Accounting ၊ Fundamentals of ICT၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များနှင့် ဒုတိယနှစ်တွင် Cost Accounting ၊ Financial Accounting Computerized Accounting၊ Business Organization and Management ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ် ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များအား သင်ကြားရမည် ဖြစ် သည်။

 

သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်နှင့် အလုပ်အကိုင်ပါတစ်ပါတည်း ရရှိစေရန် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းပြီးဆုံး အောင်မြင်သူများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန သမဝါယမဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့မှ သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်း၌ အောင်မြင်သူများအနက် သတ်မှတ်အရည်အချင်း ပြည့်မီသူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။

 

တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးစသည့် ဒေသများတွင် သမဝါယမ စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများထားရှိကာ သင်တန်းတက်ရောက်သူများကို နိုင်ငံတော်က စားသောက်စရိတ်အဖြစ် တစ်လလျှင် ငွေကျပ် ၃၀၀၀၀ နှင့် ဝတ်စုံစရိတ် တစ်နှစ်စာ ၂၅၀၀၀ ကျပ် ထောက်ပံ့မည့်အပြင်၊ နယ်မှလာရောက်သူများအတွက် နေထိုင်ရန် အဆောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်း ယင်းမှ သိရသည်။

 

ymg/NN
#Yangon_Media_Group