#LocalNews
Published _17 June 2022

 

၂၀၂၂ ခုနှစ် စာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဦးရေ ၁၃၀၀၀၀ ကျော်ရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား၊ကျောင်းသူ ၂၈၀၀၀၀ ကျော်ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းကို ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများ၌ အောင်စာရင်းကပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။

 

ယင်းအပြင် ဝေးလံသည့်ဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယိုအစီအစဉ်မှတဆင့် အောင်စာရင်းကြေညာပေးလျက်ရှိကြောင်း သိရသည်။

 

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းအား သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများ၌ ကပ်ထားသည့်အပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

ymg/NN
#Yangon_Media_Group