#LocalNews
Published - 12 June 2022

 

မြန်မာစာကတိက အငြိမ်းစားဆရာမကြီးဒေါ်ညွန့်ညွန့်စိန် လက်ပြန်ကြိုးတုပ်ကာ အသတ်ခံရပြီး ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ၎င်းနေထိုင်ရာ တိုက်ခန်းတစ်ခုအတွင်း အသတ်ခံရခြင်းဖြစ်ကြောင်း ဆရာမကြီး၏တပည့်ဖြစ်သူမှ လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

ဆရာမကြီးဒေါ်ညွန့်ညွန့်စိန်သည် ၎င်းနေထိုင်ရာတိုက်ခန်းအတွင်းရှိ ခုတင်ဘေးကြမ်းခင်းပေါ်တွင် ဘေးတစ်စောင်းဒူးကွေးလျက် လက်နှစ်ဖက်အား ဖုန်းအားသွင်းကြိုးဖြင့် ချည်နှောင်ထားကာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်အပါအဝင် အခြားသောမြို့များတွင် ခြိမ်းခြောက်လုယက်မှုများ၊ ဓားထောက်လုယက်မှုဖြစ်စဉ်များမှာ နေ့စဉ်ဖြစ်ပွားနေသည့်အပြင် နေ့လည် လူထူထပ်သည့်နေရာများတွင်ပါ လုယက်လူသတ်မှုဖြစ်စဥ်များ ဖြစ်ပွားနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group