#Local_News
Published_ 17 May 2022

ရွှေလီမြို့၊ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ကုန်ပစ္စည်းများ ပြန်လည်ဖြတ်သန်းလာနိုင်တာကြောင့် နယ်စပ်ဂိတ် ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး ကုန်သွယ်ရေး ပမာဏ ပြန်လည်တိုးတက်လာခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

 

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကာလနှင့် ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီကာလတူနှင့် နှိုင်းယှဉ်ပါက နေ့စဉ်ပျမ်းမျှ ပို့ကုန်သွင်းကုန် ကုန်ပို့ဆောင်မှု ပမာဏသည် ၄၂% အထိပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ ကုန်သွယ်မှု ပမာဏမှာ၂၅၆% တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။

မံမန်လမ်းကြောင်းတွင် Smart နယ်စပ်ဂိတ် စီမံအုပ်ချုပ်မှုစနစ်ဖော်ဆောင်ပြီး ကွန်တိန်နာများ နယ်စပ်ဂိတ်ဖြတ်သန်းရာတွင် ခွဲခြားသိရှိနိုင်သော စနစ်တပ်ဆင်ကာ နိုင်ငံတကာကုန်စည်စီးဆင်းမှု အချက်အလက်စနစ်စတင် အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

နယ်စပ်ဂိတ်များ တစ်ပြေးညီဖြစ်သည့် One Stop services နှင့် ကောင်တာတစ်ခုတွင်ငွေကောက်ခံမှု စီမံအုပ်ချုပ်ရေးစနစ် တည်ဆောက်ပြီး စရိတ်ကောက်ခံမှု စံနှုန်းနှင့် လုပ်ငန်းလုပ်ဆောင်သည့်အဆင့်များ လျှော့ချကာ နယ်စပ်ဂိတ် ဝန်ဆောင်မှု အရည်အသွေးအား မြှင့်တင်ထားတယ်လို့ ဖော်ပြထားပါတယ်။

 

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့်ပေါင်းစပ်၍ အဆိုပါလမ်းကြောင်းကို ယခင်က ပို့ကုန် သွင်းကုန်ပစ္စည်းများ တန်ဖိုးနည်းနည်း ပမာဏများများမှ တန်ဖိုးမြင့်မြင့် ပမာဏနည်းနည်း အဖြစ်ပြောင်းလဲကာ ပို့ကုန် သွင်းကုန် ပမာဏလျှော့ချသည့် အခြေအနေတွင် ကုန်သွယ်ရေးပမာဏ တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group