#LocalNews
Published - 2 May 2022

 

ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းခန်းအတွင်းညပ်မိနေသည့် ယာဥ်မောင်းဖြစ်သူကို မီးသတ်တပ်ဖွဲ့က ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည့်ဖြစ်စဥ်တစ်ခု မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဒီကနေ့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ယနေ့ မေ ၂ ရက်၊ မွန်းလွဲပိုင်းအချိန်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်းရပ်၊ အနော်ရထာလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁/၀)နှင့် (၁/၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ယာဉ်မောင်းအမျိုးသား(၁)ဦး ညပ်မိနေသဖြင့် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အသက်ရှင်လျှက် ကယ်ထုတ်ရရှိခဲ့တဲ့ အဆိုပါ အမျိုးသားလူနာကို ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အမှတ်(၅)အရန်မီးသတ်မှ လူမှုကူညီရေးယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

Photo - MFSD

 

ymg/kg
#Yangon_Media_Group