#LocalNews
Published - 26 April 2022

 

ပဲခူးမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်တဲလမ်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဒီကနေ့
ဧပြီ ၂၆ ရက်၊ နံနက် ၉ နာရီ ၅၅ မိနစ် အချိန်က မီးလောင်မှုဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ မီးလောင်မှုကို ပဲခူးမြို့မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ ဒေသခံလူမှုကူညီရေးအဖွဲ့တို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး နံနက် ၁၀ နာရီ ၅၅ မိနစ် အချိန်တွင် မီးကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်း မီးလောင်မှုဖြစ်စဥ်ကြောင့် ကျောင်းဝန်းအတွင်းရှိ စာသင်ခန်း(၁)ခန်းမီးလောင် ဆုံးရှုံးမှုဖြစ် ပေါ်ခဲ့ရပါတယ်။

 

လက်ရှိတွင် မီးလောင်မှုအကြောင်းအရင်းအသေးစိတ်ကို မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းစစ် ဆေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် အဆိုပါ မူလတန်းလွန်ကျောင်း မီးလောင်မှုဟာ ရှို့မီးကြောင့်ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ယူဆနေကြပါတယ်။

 

ဓါတ်ပုံ - ပဲခူး မီးသတ်တပ်ဖွဲ့

 

ymg/kg
#Yangon_Media_Group