#LocalNews
Published - 19 April 2022


စက်သုံးဆီများအား အကန့်အသတ်မရှိ ရောင်းချ ပေးသွားမည်ဟု ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသည့် ကုမ္ပဏီကြီး (၃)ခု က ယနေ့ ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယနေ့ ဧပြီ ၁၉ ရက်၊ နံနက်ပိုင်းမှစတင်လို့ စက်သုံးဆီများ ပြတ်လပ် နေသည်ဟု ဆို သော လူမှုကွန်ရက်သတင်းများ ကြောင့် နိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီဂယက်
အတော်လေးရိုက်ခတ်ခဲ့ပြီး နောက် ဒီကနေ့ မွန်းလွဲပိုင်း အချိန်မှာတော့ စက်သုံးဆီ ရောင်းချသည့် ကုမ္ပဏီကြီးများက စက်သုံးဆီများအား အကန့်အသတ်မရှိ ရောင်းချပေးသွားမည်ဆိုသည့် ထုတ်ပြန်ကြေညာချက်များကို ထုတ်ပြန်လာခဲ့ကြတာလည်းဖြစ်ပါတယ်။

ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီများအား အကန့်အသတ်မရှိ ရောင်းချပေးနေကြောင်း ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်က ဒီကနေ့ နေ့လည်ပိုင်း အချိန်မှာ ထုတ်ပြန်ကြေညာခဲ့သလို စက်သုံးဆီ ရောင်းချသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Best Oil Company (BOC) ကုမ္ပဏီကလည်း မကြာမီ အချိန်အတွင်းမှာ လိုအပ်သော စက်သုံးဆီများကို BOC ဆီဆိုင်များတွင် အကန့်အသတ်မရှိ ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့တာပါ။

ဒါ့အပြင် Denko ဆီဆိုင်များတွင် စက်သုံးဆီများကို ပုံမှန်အတိုင်း အကန့်အသတ်မရှိ ရောင်းချပေးနေပြီ ဖြစ်တယ်လို့ လည်း အဆိုပါ Denko ကုမ္ပဏီ ဒီကနေ့ နေ့လည်ပိုင်းမှာ Customer များသို့ အသိပေးကြေညာချက်များကို အသီးသီး ထုတ်ပြန်ခဲ့ကြတာပါ။

ဒီကနေ့ ဧပြီ ၁၉ ရက်၊ နံနက်မှစတင်၍ စက်သုံးဆီများ ပြတ်လပ်နေသည်ဟု ဆိုသည့် လူမှုကွန်ရက်သတင်းများ ကြောင့် ဆီဆိုင်များတွင် ကားတန်းများဖြင့် ပြည့်နှက် နေခဲ့ပြီး အချို့ သော စက်သုံးဆီအရောင်းဆိုင်များက ကိုယ်တာ စနစ်ဖြင့် ကားတစ်စီးလျှင် ၂၀၀၀၀ ၊ ၃၀၀၀၀ နှင့် ၅၀၀၀၀ ဖိုးသာ ရောင်းချ ပေးမှုတွေ ရှိခဲ့တာပါ။

ymg/kg
#Yangon_Media_Group