#LocalNews
Published_31 March 2022

 

ရခိုင်ပြည်နယ်တွင် ကျောင်းသားကျောင်းသူ ၃,၈၀၀ ကျော် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

 

စာမေးပွဲ ဖြေဆိုရန်စာရင်းပေးထားသူ ၄၅,၆၀၀ ဦးရှိသည့်အနက် ၄၁,၇၅၃ ဦး ဖြေဆိုခဲ့သည့်အတွက် ၃,၈၄၇ ဦး ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းကြောင့် အဆိုပါစာရင်းများကို ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၁ ဒသမ ၅၆ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ ၈ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်း ၊ လက်ရှိတွင် စာမေးပွဲ ဖြေဆိုရာတွင် မသန်စွမ်း ၆ ဦးနှင့် ဆေးရုံတွင်ဖြေဆိုမည့်သူ ၁ ဦးပါကြောင်းလည်း သိရသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီမှစ၍ လာမည့် ဧပြီလ ၉ ရက်အထိ ကျင်းပနေခြင်းဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၈ ခုရှိပြီး လုံခြုံရေးအခြေအနေကြောင့် စာစစ်ဌာန ၂ဝ ကို မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုနေရကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group