#LocalBusiness
Published -2 Mar 2022

 

ကပ်ရောဂါနဲ့ ကုန်သွယ်မှုအခက်အခဲရှိခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း လယ်ယာသားငါးကဏ္ဍမှ ပြည်ပတင်ပို့မှုအဖြစ် အမေရိကန်ဒေါ်လာ ၄၃၆၁ ဒသမ ၄၂ သန်းကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်ကပ်ရောဂါကြောင့် ပြည်တွင်း/ပြည်ပကုန်သွယ်မှုကန့် သတ်ချက်များရှိနေသည့်ကြားက ပုံမှန်အခြေအနေမဟုတ်သော်လည်း ပြည်ပတင်ပို့မှုအနေနဲ့ လယ်ယာထွက်ကုန်မှ အမေရိကန်ဒေါ်လာ ၃,၆၅၀ ဒသမ ၂၈ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၁ သန်းနှင့် ရေထွက်ပစ္စည်းမှ အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄,၃၆၁ ဒသမ ၄၂ သန်းကို တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

နစက ဥက္ကဌရဲ့ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကဏ္ဍအသီးသီးရဲ့ ကုန်ထုတ်လုပ်မှုတွင် အဟန့်အတားများစွာဖြစ်ပေါ်ခဲ့သော်လည်း အဓိကစားနပ်ရိက္ခာများ ထုတ်လုပ်မှုတွင် မူလအတိုင်းထုတ်လုပ်နိုင်ခဲ့သည့်အတွက် လယ်ယာသားငါးကဏ္ဍထုတ်လုပ်မှု အရှိန်အဟုန်မကျဘဲ တိုးတက်မှုနှုန်း (၁)ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ သိရပါတယ်။။

 

လယ်ယာသားငါးကဏ္ဍအနေနဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။။

 

စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မိုးစပါးစိုက်ဧက ၁၅ ဒသမ ၀၁ သန်းစိုက်ပျိုးခဲ့ပြီး အထွက်တင်းသန်းပေါင်း ၁,၀၅၃ ဒသမ ၇၃ တင်းထွက်ရှိခဲ့ကာယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက စိုက်ဧက (၈၁,၃၄၃)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းသန်းပေါင်း ၂ ဒသမ ၆၈ တင်း ပိုမို ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ပဲမျိုးစုံစိုက်ဧက ၉ ဒသမ ၆၃ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်း သန်းပေါင်း ၂၄ ဒသမ ၁၆ တင်း၊ ဆီထွက်သီးနှံစိုက်ဧက ၇ ဒသမ ၃၇ သန်းနှင့် အထွက်တင်း သန်းပေါင်း ၉၆ ဒသမ ၂၂ တင်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ ၄၉ သန်းဖြစ်ပြီး အထွက်တင်း သန်းပေါင်း ၇၉ ဒသမ ၆၅ တင်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် လယ်ယာ သားငါး အဓိကထွက်ကုန်များ ပြည်ပသို့တင်ပို့မှုအနေနဲ့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆၆ သန်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅၇၈ ဒသမ ၉၄ သန်း၊ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၇၅ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁,၃၂၄ ဒသမ ၂၇ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၅၄ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၄၀ ဒသမ ၁ သန်း၊ နှမ်းတန်ချိန် ၀ ဒသမ ၁၈ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃၆ ဒသမ ၃၃ သန်း၊ ရော်ဘာစိမ်းတန်ချိန် ၀ ဒသမ ၂၄ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၅၈ ဒသမ ၁၁ သန်းနှင့် ရေထွက်ပစ္စည်းတန်ချိန် ၀ ဒသမ ၅၁ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group