Published 2 March 2022

နစကက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံသူတို့နေထိုင်ရာအိမ်ကိုပြန်ရောက်ရှိနေပြီလို့ သူတို့နှင့် စကားပြောဆိုခဲ့တဲ့ ရုပ်ရှင်လောကမှ အနုပညာရှင်တစ်ဦးကYMG  ကို အတည်ပြုပြောဆိုပါတယ်။

နစကက အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်၊လူမင်း၊ပြေတီဦး၊အိန္ဒြာကျော်ဇင်တို့ကို သူတို့ကျခံစရာရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး Blogger ဝင်းမင်းသန်းကို သူမကျခံဖို့ရှိတဲ့ ပြစ်ဒဏ်တွေထဲက ရာဇသတ်ကြီးပုဒ်မ၅၀၅-က ဖြင့် ကျခံရန်ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့်ဒါရိုက်တာဝိုင်းကိုတော့ သူ့အပေါ်အရေးယူထားတဲ့ ပြစ်မှုကို ပိတ်သိမ်းပေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။