#LocalNews
Published - 2 March 2022

 

မြန်မာနိုင်ငံနွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး လေပြင်းတိုက်ခတ်မှုများလည်းရှိနိုင်တာကြောင့် ပြည်တွင်းလေကြောင်း၊ ရေကြောင်းခရီးစဉ်တွေအနေနဲ့ သတိပြုဖိ့် မိုး/ဇလ ထုတ်ပြန်လိုက်ပါတယ်။

 

မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။

 

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင် လေဟာ တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။

 

ပြည်သူများအနေနဲ့ နွေကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလများအတွင်းဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးဂရုပြုနေထိုင်သွားကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

 

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွားနိုင်ကာ နေပြည်တော်နဲ့ အနီးတစ်ဝိုက် အများအားဖြင့် သာယာမယ်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက် တိမ်အသင့်အတင့်ဖြစ်ထွန်းမှာဖြစ်ပြီး မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ အများအားဖြင့်သာယာမယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group