#LocalNews
Published - 6 Feb 2022
သုံးဘီးယာဉ် ယာဉ်မောင်းဘေးက မတ်တပ်ရပ် တွယ်လိုက်ရင်း ခါးဝတ်ပုဆိုးညပ်ကာ ခြေထောက်နှစ် ချောင်းပါသွားတဲ့ လူငယ်အား ကယ်ဆယ် ရေးအဖွဲ့ တွေက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဥ်တစ်ခုက ယမန်နေ့ (ဖေ ဖော်ဝါရီလ ၅ ရက် နေ့)က မကွေးမြို့ မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သုံးဘီးယာဉ် ကရောင်းထဲ ညပ်နေတဲ့လူနာအား မကွေးမီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးနှင့် ဒေသခံ လူမှုကူညီ ရေးအဖွဲ့ တွေက ဝိုင်းဝန်းကြိုးစားကယ်ထုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

"အချိန် ၁ နာရီခွဲအကြာ သုံးဘီးယာဉ်ကိုယ်ထည်များ ဖြတ်ထုတ်ပြီး လူနာအား ကယ်ဆယ်ထုတ်ယူနိုင်ခဲ့ပါတယ်။ သုံးဘီးယာဉ်မောင်းဘေးမှာ မတ်တပ်ရပ် တွယ်လိုက်ရင်း ပုဆိုးနဲ့ညှိကာ ခြေနှစ်ချောင်းပါဝင်သွားခြင်းဖြစ်ပါတယ်။"လို့ ဒေသခံ ကယ်ဆယ် ရေးအဖွဲ့မှ

တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

ကယ်ထုတ်ရရှိခဲ့သည့် လူနာဟာ ခြေထောက် နှစ်ချောင်းလုံးကျိုးသွားခဲ့ပြီး လူနာအား မကွေးတိုင်းဆေးရုံကြီး အရေးပေါ် ဌာနသို့ ဒေသခံ လူမှုကူညီ ရေးအသင်းကကူညီ ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Photo - KS Rescue Magway (မကွေးလူမှုကူညီရေးအသင်း)

ymg/kg
#Yangon_Media_Group