#LocalNews
Published - 6 Feb 2022
ပူတာအို ဒေသရှိ ကျေးရွာအချို့မှ ပြည်သူများနေရပ်စွန့်ခွာ၍ စစ်ဘေးရှောင် နေရတယ်လို့
ပူတာအိုမြို့ ဒေသခံများထံမှ သိရပါတယ်။

ယခုလ ဖေဖော်ဝါရီ(၃)ရက်နေ့က ဆွမ်ပီယာန်ရွာအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ရွာသူ ရွာသားများအားလုံး ဘေးလွှတ်ရာတောတွင်းများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရတာဖြစ်ပြီး တဆက်တည်းမှာ လုံရှာယာန်ကျေးရွာမှာလည်း ဖေဖဝါရီ ၃ ရက်နှင့် ၄ ရက် နေ့များက လက်နက်ကြီးများနဲ့ တိုက်ခိုက်ခံရတဲ့အတွက် ဒေသခံပြည်သူများစွာ ဘေးလွှတ်ရာ တောတောင်များသို့ ထွက်ပြေးခိုလှုံ နေရတာဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

ပူတာအိုဒေသဟာ လတ်တလောအချိန်မှာ မိုးရွာသွန်းခြင်း၊ ရာသီဥတုအေးခဲခြင်းဖြစ်နေတာ
ဖြစ်ပြီး ဒီလို ရာသီဥတုအချိန်ခါမျိုးမှာ မိမိတို့နေအိမ်များကို စွန့်ခွာပြီး လုံခြုံမှုမရှိတဲ့ တောတောင်တွေမှာ ဒုက္ခပေါင်းများစွာနဲ့ ခိုလှုံ နေရတာဟာ အစစ အရာရာအတွက် အလွန်စိုးရိမ်စရာဖြစ်တယ်လို့လည်း စစ် ဘေးရှောင်အ ရေးကိစ္စရပ်များကို ကူညီ ဆောင်ရွက် ပေး နေ
သည့် ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ပူတာအို ဒေသမှာ တပ်မတော်နဲ့ ဒေသကာကွယ် ရေးလက်နက်ကိုင်အဖွဲ့ တွေနဲ့ ထိ တွေ့တိုက်ပွဲ ဖြစ်ပွားမှု တွေလည်းရှိ နေတာဖြစ်ပြီး အဆိုပါဒေသခံ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကလည်း ယမန် နေ့မှာ ပူတာအိုမြို့သို့ ၎င်းတို့အဖွဲ့ ေတွ စစ် ကြောင်းချီလာတဲ့ ဗီဒီယိုဖိုင်များကိုလွှင့်တင်ခဲ့ပြီး ဒေသခံပြည်သူ တွေအ နေနဲ့ စစ် ရေးတင်းမာမှု တွေရှိ နေတဲ့အတွက် ဂရုပြုသွားလာ နေထိုင်ကြဖို့ ကိုလည်း ၎င်းအဖွဲ့က အသိ ပေးထုတ်ပြန်ထားတာပါ။

ပူတာအိုမြို့နယ်အတွင်းရှိ ဆွမ်ပီယာန်နဲ့ လုံရှာယာန်ကျေးရွာများမှ ဒေသခံရွာသူ/ရွာသား၊ သက်ကြီးရွယ်အို၊ ကလေး၊ မိခင်များ ဘေးလွှတ်ရာတောတောင်များတွင် ထွက်ပြေးခိုလှုံ နေကြရတဲ့ မှတ်တမ်းပုံအချို့ သည်လည်း လူမှုကွန်ရက်ပေါ်မှာ ယခုလို ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

Photo - CJ

ymg/kg
#Yangon_Media_Group