#LocalNews

Published-12 Jan 2022

 

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ဆင်မကြီးမိုမို သေဆုံးတဲ့သတင်းတွေ လူမှုကွန်ယက်ပေါ်မှာ ဓာတ်ပုံနဲ့တကွ ပျံ့နှံခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆင်ကြီးမိုမိုမှာ အခုအချိန်အထိ ကျန်းမာလျက်ရှိတယ်လို့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

 

ဒီကနေ့ ဆင်မကြီးမိုမို ကျန်းမာရေးအတွက် ဥယျာဉ်တစ်ပတ်ကို တခြားဆင်တွေနဲ့အတူ ကျန်းကျန်းမာမာ လမ်းလျှောက်တာ၊ ရေကစားတဲ့ပုံရိပ်တွေနဲ့အတူ သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ သက်တော်ရှည် ဆင်မကြီးမိုမိုဟာ သူမအသက် ၇ နှစ်အရွယ်ခန့် ၁၉၆၁ ခုနှစ်ကတည်းက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ စတင်ရောက်ရှိလာခဲ့ရာ ယခုဆိုရင် အသက် ၆၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

 

မိုမိုဟာ သူမဘဝတစ်လျှောက်လုံး ဥယျာဉ်ကို လာရောက်လည်ပတ်သူတွေကို အကအလှတွေနဲ့ ဖျော်ဖြေဧည့်ခံပေးခဲ့ပြီး နိုင်ငံရဲ့ အထင်ကရ အခမ်းအနားတွေမှာပါ ဧည့်ခံဖျော်ဖြေခဲ့ရာ သူမအသက် ၆၀ ပြည့်မှာ ဖျော်ဖြေရေးလုပ်ငန်းတွေကနေ အနားယူခဲ့ပါတယ်။

 

ယခုအခါမှာတော့ ဥယျာဉ်မှာရှိတဲ့ တခြားမျိုးဆက်သစ် ဆင်ငယ်လေးတွေကို ထိန်းကျောင်းရင်းနေထိုင်နေပြီး မိုမိုဟာ ကမ္ဘာပေါ်မှာ အသက်အရွယ်ကြီးမားတဲ့ အာရှဆင်စာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။

 

YMG/ee

photo- ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

#Yangon_Media_Group