#LocalNews
Published- 11 Jan 2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးငယ် (၂) ဦးကိုတရုတ်နိုင်ငံတွင် ကလေးထိန်းအလုပ်ရရှိမယ်လို့ ပြောဆိုကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူ (၂) ဦးကို ထောင်ဒဏ် (၂၀) နှစ်နဲ့ ထောင်ဒဏ် (၁၀) နှစ် အသီးသီးချမှတ်လိုက်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ မှ သိရပါတယ်။
လူကုန်ကူးမှုဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ နယ်၊ ကုလားထိပ်ကျေးရွာနေ မြတ်ကိုနဲ့ သိန်းဦးတိုက ဖျာပုံမြို့နေ မ….(၁၈)နှင့် မ….(၂၀)နှစ်တို့ ၂ဦးကို တရုတ်နိုင်ငံတင် ကလေးထိန်းအလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေ ကျပ် တစ်သိန်းရရှိမယ်လို့ ပြောဆိုစည်းရုံးကာ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့ပြီး ငွေကြေးအကျိုး အမြတ်များ ရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်ကြောင့် လူကုန်ကူးမှုဆောင်ရွက်ခဲ့သူတွေကိုဖျာပုံမြို့ နယ် ဒေါ်ညိမ်းနယ်မြေရဲစခန်း (ပ) ၁၄၂/ ၂၀၁၉၊ (ပ) ၁၅၇/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ တို့ နဲ့အမှုဖွင့်လှစ်ပြီး တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တရားစွဲဆိုတင်ပို့ခဲ့ရာ ဇန်နဝါရီ ၅ ရက်နေ့တွင် တရားခံမြတ်ကိုအား အလုပ်နဲ့ထောင်ဒဏ် (၁၀) နှစ်စီဖြင့် ပေါင်း နှစ်(၂၀)၊ တရားခံ သိန်းဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နဲ့ ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။
ymg/hm
Photo -လူကုန်တားရဲတပ်ဖွဲ့
#Yangon_Media_Group