#LocalNews

Published - 29 Dec 2021

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်း၊ ----- စားသောက်ဆိုင်အနီးသို့ ရောက်ရှိလာသော အေးကိုကို မောင်းနှင်ပြီး ဒေါ်နုနုစံ၊ ကျော်သက်နိုင် နှင့် ထွန်းလင်းဦးတို့ လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား အငှားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဒေါ်နုနုစံ နှင့် ၎င်းအနီးရှိ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈,၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် သိန်း ၃၈၀)၊ မက်သ်အဖက်တမင်း(ICE)အလေးချိန် ၂၆၇ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၉၃.၄၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ဒေါ်နုနုစံ(၄၁)နှစ်၊ ကျော်သက်နိုင်(၂၁)နှစ်၊ အေးကိုကို(၃၆)နှစ် နှင့် ထွန်းလင်းဦး(၂၉)နှစ်တို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group