#LocalNews

Published - 29 Dec 2021

 

ယနေ့နံနက်ပိုင်းက ရန်ကုန် နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဥ်တစ်စီးက လားရာတူအခြားယာဥ်အား နောက်မှဝင်တိုက်တာကြောင့် ယာဥ်ပေါ်ပါလာသူ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒီဇင်ဘာလ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၉၅/၅ တွင် လားရာတူရှေ့မှ မောင်းနှင်နေသောယာဉ်အား နောက်မှ Suzuki Carry အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲဝင်တိုက်ပြီး ယာဉ်မောင်းကားခေါင်းခန်းအတွင်း ညှပ်နေကြောင်း သတင်းရရှိသဖြင့် မြိုချောင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ ကျား ကလေး(၁)ဦး၊ မ(၁)ဦး စုစုပေါင်း (၄)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)တို့အား မြိုချောင်းအမြန်လမ်းအရေးပေါ်လူနာတင်ယာဉ်ဖြင့် မြိုချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group