Published 26 December 2021
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၂၆ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာရှိတဲ့ အားကစားနှင့် သက်ဆိုင်တဲ့ နေရာတွေကို သွားရောက်ခဲ့ပါတယ်လို့ အားကစားဝန်ကြီးဌာနနှင့်ဆက်စပ်တဲ့ သတင်းအရင်းအမြစ်များကနေ သိရှိရပါတယ်။
နစကဥက္ကဋ္ဌဟာ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)နှင့် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)တို့ကို သွားရောက် ကြည့်ရှုတာဖြစ်ပြီး ဝန်ကြီးဌာနနှင့် အားကစားဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေက လက်ရှိအခြေအနေများ နှင့် လုပ်ငန်းဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်လို့သတင်းရရှိပါတယ်။