#LocalBusiness
Published - 26 Dec 2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၇ ရက် ကာလအတွင်း အမေရိကန် ဒေါ်လာ ၂၄၂ ဒသမ ၄၆၇ သန်း တင်ပိုနိုင်ခဲ့တယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
ယခု ကာလ အတွင်း ပင်လယ်ရေကြောင်းမှ ၂၇၅၇၅၂ ဒသမ ၃၃၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၇ ဒသမ ၉၅၅ သန်း၊ နယ်စပ်မှ ၁၅၄၇၇ ဒသမ ၅၁၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၁၂ သန်း၊ စုစုပေါင်း ၂၉၁၂၂၉ ဒသမ ၈၅၀ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄၂ ဒသမ ၄၆၇သန်း တင်ပို နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံ စိုက်ဧကရဲ့ ၇၂ ရာခိုင်နှုန်းဟာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတွေ ဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနဲ့ အခြားပဲတွေလည်း စိုက်ပျိုးကြပါတယ်။ မတ်ပဲဟာဆိုရင် ပြည်တွင်းစားသုံးမှုထက် ပြည်ပကို အဓိက တင်ပိုနေရတဲ့ ပဲအမျိုးအစားဖြစ်ပါတယ်။
ဒါ့ကြောင့် ယခုဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၁၂၄ သန်းကျော် တန်ဖိုးရှိ မတ်ပဲကို တင်ပိုခဲ့ပြီး ပဲတီစိမ်းကိုတော့ ကန်ဒေါ် ၅၆ သန်းကျော်နဲ့ ကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ဖိုးရှိ ပဲစဉ်းငုံတိုကို တင်ပိုခဲ့တယ်လို စာရင်းတွေအရ သိရပါတယ်။
ပဲမျိုးစုံကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ စုစုပေါင်း ၂၀၂၉၆၉၅ ဒသမ ၈၈၂ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်း တင်ပိုနိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်စာရင်းများအရ စုစုပေါင်း ၁၆၀၆၃၆၂ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁၉၅ ဒသမ ၈၀၇သန်း တင်ပိုနိုင်ခဲ့တယ်လို သိရပါတယ်။
အိန္ဒိယဟာ ပဲတင်သွင်းခွင့်ကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခွင့်ပြုခဲ့ရာကနေ ယခုအခါ ၂၀၂၂ ခုနှစ် မတ်လအထိ ထပ်တိုးဖွင့်ပေးထားသလို မြန်မာနိုင်ငံဆီက မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းကို ယခုဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ဝယ်ယူဖို မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးထားပါတယ်။
#YangonMediaGroup