Published 24 December 2021

ဒီဇင်ဘာ ၂၄ရက် ယနေ့ ည (၇)နာရီ ၁၇မိနစ် (၃၁)စက္ကန့်အချိန်မှာ ဖြူးမြို့အနီးမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့  မိုး/ဇလဌာနက သတင်းထုတ်ပြန်သွားပါတယ်။

အဆိုပါသတင်းထုတ်ပြန်ချက်အပြည့်အစု့မှာ  “၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၁၇)မိနစ်၊ (၃၁)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၂၂) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း(ဖြူးမြို့၏ မြောက်-အနောက်မြောက်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၆၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၄၀)ဒီဂရီ၊ အနက်(၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်” ဟူ၍ ဖြစ်ပါတယ်။