#LocalNews

Published - 22 Dec 2021

 

သရုပ်ဆောင် ဖူးပွင့်သခင် ခရီးသွားနေစဥ် ၄င်း၏နေအိမ် ဖောက်ထွင်းခံခဲ့ရတယ်လို့ သရုပ်ဆောင်ဖူးပွင့်သခင်က ဒီဇင်ဘာလ ၂၁ ရက်ညမှာ သူ့ရဲ့ လူမှုကွန်ရက် Live က နေတစ်ဆင့် ပရိသတ်တွေကို အသိပေးပြောပြခဲ့ပါတယ်။

 

ထိုသို့ အိမ်ဖောက်ခွင်းခဲ့သူများဟာ ၄င်းအိမ် စောင့်ထားခဲ့သည့် အိမ်အကူလင်မယားဖြစ်ပြီး အဆိုပါလင်မယားက အိမ်တွင်းပစ္စည်းများနှင့် လက်ဝတ်ရတနာများကို ယူဆောင်ထွက်ပြေးခဲ့တာဖြစ်တယ်လို့ သရုပ်ဆောင်ဖူးပွင့်သခင်က ပြောပါတယ်။

 

"၁၇၊၁၈၊၁၉ သုံးရက်အလုပ်ကိစ္စနဲ့ ခရီးသွားခဲ့တာပါ။ အခုမှ ခရီးကပြန်ရောက်တာပါ။ ခရီးသွားတော့ အိမ်စောင့်ဖို့ဆိုပြီး မမေမြတ်နိုးရယ် သူ့ယောကျ်ား ကျော်ဇင်ကို အိမ်မှာ အိမ်စောင့်အဖြစ်ထားခဲ့တာပါ။ အရင်ထဲက အိမ်မှာအမြဲစောင့်ခဲ့တဲ့သူတွေပါ။ ဒီကနေ့ ရောက်လာတော့ အိမ်သော့ကခတ်ထားတယ်။ သူတို့က ဥက္ကဌကို ပြန်မယ်ဆိုပြီး အိမ်သော့ပေးသွားတယ်။ အိမ်တံခါးဖွင့်ကြည့်တော့ အထဲမှာဘာမှမရှိတော့ဘူး။ အိမ်ထဲမှာ အကုန်ဟောင်းလောင်း ရှိသမျှအိမ်တွင်းပစ္စည်းအကုန်ယူသွားတယ်။ တီဗီတွေ အောက်စက်တွေရော အပေါ်ထပ်တွေရဲ့ အခန်းတွေမှာလည်း လျှောက်ဖွထားတယ်။ လက်ဝတ်လက်စားတွေရော ပါသွားတယ်။"လို့ သရုပ်ဆောင် ဖူးပွင့်သခင် က ဝမ်းနည်းစွာနဲ့ ၄င်း၏ Live မှာ ပြောပြခဲ့တာပါ။

 

ဒါ့အပြင် ခိုးယူခံရတဲ့ ပစ္စည်းတွေရဲ့ ကာလတန်ဖိုးဟာ ကျပ်သိန်း ၅၀ ကျော်ခန့် ရှိတယ်လို့ သူမကရေးသားထားပြီး ခိုးယူသွားတဲ့ အိမ်အကူလင်မယားကို ရဲစခန်းမှာ သွားရောက်အမှုဖွင့်နေတယ်လို့လည်း သရုပ်ဆောင် ဖူးပွင့်သခင် က ဆိုပါတယ်။

 

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး သရုပ်ဆောင်ဖူးပွင့်သခင်က "(17.12.2021 မှ 20.12.2021)အထိ ခရီးသွားနေစဉ်အချိန်မှာ အိမ်တွင်အလုပ်လုပ်သူ ဒေါ်အောင်မေဆန်း(ခ)မေမြတ်နိုးနှင့် သူမရဲ့ အမျိုးသားဖြစ်သူ ကျော်ဇင် တို့လင်မယားနှစ်ယောက်ကို ယုံကြည်စိတ်ချစွာ အိမ်ကိုအပ်နှံထားခဲ့ရာမှ ၄င်းမရှိစဉ် အချိန် (20.12.2021)နေ့ရက်တွင် အိမ်တွင်းရှိပရိဘောဂပစ္စည်းများ အဝတ်အထည်အသစ်များ လက်ဝတ်ရတနာများ ဖောက်ယူခိုးပီး ထွက်ပြေးသွား ကြောင်း၊ ပစ္စည်းများ၏ တန်းဖိုးများမှာ ယခုခန့်မှန်းခြေသိန်း ၅၀ ကျော်ခန့် ခိုးယူထွက်ပြေးသွားခြင်းဖြစ်ကြာင်းနှင့် ခိုးယူထွက်ပြေးသွားသော လင်မယားနှစ်ယောက်အားတွေ့ ရှိပါက ဖုန်း 09-768904502 အကြောင်းကြားပေးပါရန်
နှင့် ခေါ်ယူလက်ခံထားသောသူမျာအား ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း"သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားခဲ့တာပါ။

#Yangon_Media_Group