#LocalNews

Published - 22 Dec 2021

 

ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ငွေကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးစက်မှုဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းတွင် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရဲကိုကိုအောင် မောင်းနှင်ပြီး လှဘုန်း၊ လှမျိုးခင်၊ ဇော်နိုင်လတ် တို့ လိုက်ပါလာသည့် Mark-X မော်တော်ယာဉ်နှင့် လွင်ဖြိုးအောင် မောင်းနှင်ပြီး ထင်လင်းအောင်၊ ဝင်းမောင်နှင့် မဇာခြည်ထွန်း၊ မနာအိ တို့ လိုက်ပါလာသည့် Fielder မော်တော်ယာဉ်၊ သန့်ကိုဝင်း မောင်းနှင်ပြီး လှိုင်မျိုးအောင် လိုက်ပါလာသည့် Crown မော်တော်ယာဉ် ၃ စီးတို့ တွေ့ဆုံ၍ ကြိုတင်ရောက်ရှိနေသည့် ကျော်ကျော်၊ ချစ်ဇော် တို့ ၂ ဦးနှင့် မူးယစ်ဆေးဝါးများအရောင်းအဝယ် ပြုလုပ်နေစဉ် ၎င်းတို့အား ထိန်းသိမ်းရှာဖွေရာ Mark-X မော်တော်ယာဉ်ပေါ်ရှိ သံသေတ္တာအတွင်းမှ ဒေသကာလ တန်ဖိုးငွေ ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိသူ ၁၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ တယ်လို့ သိရပါတယ်။

#Yangon_Media_Group