#LocalNews

Published - 18 Dec 2021

 

ပဲခူး - ရန်ကုန်ကားလမ်းမ အမှတ်- ၂ လမ်း (၀)မိုင်ကို ယနေ့ ညနေပိုင်းမှစလို့ ပြန်လည်ဖွင့်ပေးလိုက်ပြီး ယာဥ်များကို ဖြတ်သန်းခွင့်ပြုနေတယ်လို့ သိရပါတယ်။

 

ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းအစောပိုင်းအချိန်မှစ၍ ရန်ကုန်မြို့သို့ အဝင်ကားများကို (၀)မိုင် ဖြတ်သန်းခွင့်ကို ယာယီပိတ်ထားခဲ့တာပါ။

(၀)မိုင်အနီးအနားတွင် နေထိုင်သူများနှင့် ယာဥ်မောင်းများ၏ ပြောကြားမှုအရ ယနေ့တွင်အစိုးရအဖွဲ့ (VIP)လူကြီးလမ်းကြောင်းတစ်ခုရှိသည့်အတွက်(၀)မိုင်ကို ခေတ္တပိတ်ထားခဲ့ခြင်းဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်းမှစလို့ ကားလေးများကို စစ်ဆေးမှုတွေပြုလုပ်ပြီး ပြန်လည် ဖြတ်သန်းခွင့်ပြု ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

"၀ မိုင်ကတော့ အမြဲတန်းဖွင့်တယ်၊ ဒါပေမယ့် ကြာတယ်။ တစ်စီးကို အကုန်လျှောက်ကြည့်နေတာ မေးနေတာလည်းအကြာကြီးပဲ သူတို့က စစ်ဆေးမှုတွေကိုပြုလုပ်ပြီးတော့မှ ဝင်ခွင့်ပြုပါတယ်။ ဒီနေ့ ပိတ်တာက လူကြီးလမ်းကြောင်းတစ်ခုရှိလို့ လို့ သိရတယ်ဗျာ့။"  ဟု (၀)မိုင်မှ ဖြတ်သန်းလာသူတစ်ဦးက အခုလို ပြောပြခဲ့ပါတယ်။

 

Photo - CJ

#Yangon_Meida_Group