#LocalNews

Published - 13 Dec 2021

လူမှုကူညီရေးဆောင်ရွက်နေသည့် လိုင်စင်မဲ့လူနာတင်ယာဉ်တစ်စီး ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ချုပ်(မုံရွာ)မှနယ်ဝေးလူနာလမ်းကြောင်းပို့ ဆောင်မှုများအား ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီဖြစ်တယ်လို့ အဆိုပါအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေသော အခြေနေအရ နယ်‌ဝေးလူနာ/နာရေး/လမ်းကြောင်းပို့ဆောင်မှုများကိုရက်(အကန့်အသတ်မရှိ)ရပ်နားလိုက်ရခြင်းဖြစ်ပြီး မြို့တွင်းလမ်းကြောင်းများကိုလည်း သက်ဆိုင်ရာများမှ လာရောက်ပြောကြားပါက ရပ်နားရမည်ဖြစ်ကြောင်း ယင်းအဖွဲ့က အသိ ပေးပန်ကြားထားပါတယ်။

အဆိုပါ အဖွဲ့ချုပ်ကို စတင်တည်ထောင်လာစဉ် ကထဲက မော်တော်ယာဉ်လိုင်စင်ပေးခြင်း မမှီခဲ့သဖြင့် ယခုလက်ရှိ အသုံးပြုနေသော မော်တော်ယာဉ်များသည် လိုင်စင်မဲ့(Ambulance)မော်တော်ယာဉ်များသာဖြစ်ပြီး ယခုအခါ မိမိတို့အဖွဲ့ မှ လိုင်စင်မဲ့(Ambulance) မော်တော်ယာဉ် တစ်စီးသိမ်းခံခဲ့ရခြင်း ကြောင့် ယခုလို
နယ်ဝေးလူနာလမ်းကြောင်းပို့ ဆောင်မှုများအား အကန့်အသတ်မရှိ ရပ်နားလိုက်ရတာဖြစ်တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ချုပ်(မုံရွာ)မှ ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ  နေ့စဥ်ဆိုသလို နှစ်ဖက်ထိ တွေ့ တိုက်ပွဲ တွေ ဖြစ်ပွား နေမှု တွေကြောင့် လူမှုကူညီကယ်ဆယ် ရေးလုပ်ငန်းများ လုပ် ဆောင်ရာနဲ့ လူနာလမ်း ကြောင်းပို့ ဆောင်ရာမှာ အခက်အခဲများစွာနဲ့ ကြုံနေရတယ်လို့လည်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။

ဒါ ကြောင့်  လတ်တလောကာလမှာ  အချို့သော လူမှုကူညီ ရေးအသင်း တွေက နေ့ပိုင်းကူညီမှုများကိုသာလုပ်ဆောင်ပေးနေပြီး ညပိုင်းအကူအညီ ပေးမှုများကို တော့ ရပ်နားထား တယ်လို့ သိရပါတယ်။

"အ ခြေအနေကြည့်ပြီး အားလုံးကို ချိန်ဆလုပ် ဆောင် နေရတာပေါ့ ။ ဆေးရုံကလည်း ကျ နော်တို့နယ်မြေဘက်မှာ သိပ်မရှိဘူး၊ကျန်းမာရေးဝန်ထမ်းအင်အားကလည်းနည်းတယ်။ အဲ့ တော့ မုံရွာဆေးရုံဘက်ကိုဘဲ ပို့တာများပါတယ်။ ဒါပေမဲ့ လမ်းကြောင်းအခြေအနေလေး တော့ ကြည့်လုပ်ရတာ ပေါ့ ။ ပြောရရင် ဒီအခြေအနေကြီးက ဘာမှလုပ်မရဘူး ။ အခြေအ နေတွေအေးသွားမှဘဲအရင်လို လူမှု ရေးလုပ်ငန်း တွေ ပြန်ပြီး တော့ လုပ်လို့ကြရမှာ ပေါ့ ။"လို့ စစ်ကိုင်းတိုင်း အခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။

Photo - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ချုပ်
(မုံရွာ)။