#LocalNews  

Published - 13 Dec 2021

မြို့ ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားသည့် တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာအခန်းများကို CHID ဘဏ်မှတဆင့် အတိုးနှုန်းသက်သာသည့် အစီအစဉ်ဖြင့် ယခုဒီဇင်ဘာလအတွင်းမှာ ရောင်းချပေးသွားမှာဖြစ်သည့် အတွက် CHID ဘဏ်စာရင်းတွင်ပါဝင်သူများ အနေနဲ့ အိမ်ရာဝယ်ယူခွင့် လျှောက်လွှာများကို ယနေ့(ဒီဇင်ဘာ ၁၃ ရက်)မှစတင်၍ အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အိမ်ရာများဝယ်ယူလိုသူများ အနေနဲ့ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအ ဆောက်အအုံ ဖွံ့ ဖြိုး ရေးဘဏ်တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် နေ့အထိ စု ဆောင်း ငွေအနည်းဆုံးကျပ်သိန်း ၃၀ စု ဆောင်းထားရှိသူများဖြစ်ရမည်ဖြစ်ပြီး CHID ဘဏ်စာရင်းတွင် ပါဝင်သည့် လူဦး ရေ ၄၃၁၅ ဦးတို့သည် မိမိတို့ လျှောက်ထားလိုသော အိမ်ရာများကို DUHD Sale Housing Facebook Page Messenger မှတစ်ဆင့်စာရင်း ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အတိုးနှုန်းသက်သာသောချေးငွေဖြင့် အိမ်ခန်းများရောင်းချမည့်အစီအစဉ်တွင် အိမ်ခန်းလျှောက်ထားသူများသည် DUHD Sale Housing Page ရဲ့ Messenger မှာ လျှောက်ထားရမှာဖြစ်ပြီး CHID Page ၏ Messenger တွင်လျောက်ထားပါက အကျုံးမဝင်ဘူးလို့လည်း CHID ဘဏ်၏ ဒီကနေ့ ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

အိမ်ရာဝယ်ယူလိုသူများ၏ အမည်စာရင်းလက်ခံခြင်းကိုလည်း ယနေ့ ဒီဇင်ဘာလ ၁၃ ရက်  နေ့မှ ၁၇ ရက် နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး ရုံးချိန်ဖြစ်သည့် နံနက် ၉ နာရီခွဲမှ ၄ နာရီခွဲ အတွင်း  လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုအတူ အခန်းဝယ်ယူခွင့်ရရှိသူ အမည်စာရင်းနှင့် မဲနှိုက် ရောင်းချမည့် အစီအစဉ်ကိုလည်း DUHD Sale Housing Facebook Page နှင့် CHID ဘဏ် Facebook Page တို့မှ ထပ်မံ ကြေညာ ပေးသွားမှာ ဖြစ်တယ်လို့ မြို့ ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယခု ရောင်းချမည့် တန်ဖိုးသင့်/တန်ဖိုးနည်း အိမ်ရာများသည် မြို့ ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်-ကျောက်တန်း-သီလဝါ အိမ်ရာစီမံကိန်းမှ အခန်းများ အပါအဝင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့ တော်ရှိ အိမ်ရာများနှင့် လှိုင်သာယာမြို့နယ် အတွင်း  ဆောက်လုပ်ထားတဲ့ ကျန်စစ်မင်းနှင့်ထီးလှိုင်ရှင် အိမ်ရာအခန်းများ ပါဝင် ကြောင်းသိရပါတယ်။

#YangonMediaGroup