#LocalCrime

Published - 13 Dec 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင်အမျိုးသမီး ၂ဦးလိုက်ပါလာသောယာဥ်တစ်စီးပေါ်မှ ဆောင်းဘောက်များအတင်းထည့်သွင်းသယ်ဆောင်လာသောဘိန်းဖြူများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကနေသိရပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ၄နာရီ ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ (၁၀၅)မိုင်(မိုင်းယု)ကျေးရွာအနီး မူဆယ်-ကွတ်ခိုင်သွားပြည်ထောင်စုလမ်းမကြီးတွင် ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ မနန်းရွှေစိန် မောင်းနှင်ပြီး မနန်းဆိုင်ခေါင် လိုက်ပါလာသော TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်းရှိ ဆောင်းဘောက်များအတွင်းမှ ဘိန်းဖြူအလေးချိန် ၂.၉၇ ကီလို(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၉၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ဘိန်းဖြူများသယ်ဆောင်လာသောမနန်းရွှေစိန်(၂၃)နှစ် နှင့် မနန်းဆိုင်ခေါင်(၂၆)နှစ်တို့အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိ တယ်လို့သိရပါတယ်။