#LocalNews

Published - 11 Dec 2021

 

ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၃၀၀ ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီး ရပ်တန့်ထားသည့် UD Nissan ၁၂ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်မောင်း မျိုးမင်းသန့်(ခ)ဒိုးလုံး(၃၁)နှစ်၊ ဝေဖြိုးအောင်(ခ)ဝေဖြိုး(၁၉)နှစ်၊ ဇော်ငြိမ်းထွန်း(၃၆)နှစ်တို့အား တွေ့ရှိပြီး ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၃၀၀ ကျော် တန်ဖိုးရှိ ဓာတုဆေးရည် Sulfurous Dichloride ၆,၈၀၀ လီတာနှင့် Dimethyl Sulfate ၄,၂၀၀ လီတာတို့အား သိမ်းဆည်းရမိခဲ့ပြီး ဓာတုဆေးရည်များအား တာဝန်ခံသယ်ဆောင်လာသည့် ကျော်စိုး(၅၀)နှစ်၊ ဝေလွင်(၅၈)နှစ်တို့ ၂ ဦးကို အဆိုပါ နေရာအနီးတွင် ရပ်ထားသည့် Mark-II အမျိုးအစားမော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

၎င်းတို့ အား ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group