#LocalNews

Published - 11 Dec 2021

 

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အတွင်းမှ မိမိတို့လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားသံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

 

အခက်အခဲ ကြုံတွေ့နေရတဲ့အချိန်တွေမှာ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေမှတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ ဘက်မလိုက်ရေးနဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို အပြည့်အဝ လိုက်နာကျင့်သုံးနေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ် ၊ မြန်မာနိုင်ငံ နှင့် ကာလရှည် မိတ်ဆွေနိုင်ငံလည်း ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ စိတ်ဆန္ဒမှာ တစ်နိုင်ငံလုံး ငြိမ်းချမ်း ၊ ညီညွတ်စေရေး ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ဖိုနဲ့ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ သက်ဆိုင်သူတွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ရင်ကြားစေ့ရေးမှ တစ်ဆင့်သာဖြစ်တယ်လို့ ယုံကြည်ကြောင်း စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို တစ်နည်းနည်းနဲ့ စတင်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

#Yangon_Media_Group