Published 10 December 2021

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်၏ ဒေါ်ခင်ကြည်နေရာ၌ သရုပ်ဆောင်သည့် မဇာခြည်လင်း သွေးကင်ဆာရောဂါဖြင့်ဒီဇင်ဘာလ ၁၀ ရက် ညနေပိုင်းက ပုသိမ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

 မဇာခြည်လင်းသည်ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ရန် လျှောက်ထားခဲ့သူ (၄၆) ဦးထဲမှ ဆန်ခါတင် (၄) ဦးရွေးချယ်ပြီး နောက်ဆုံးအဆင့်ရွေးချယ်ခံထားရသည့်မူလတန်းကျောင်းဆရာမတစ်ဦးလည်း ဖြစ်ကာ ပုသိမ်မြို့မှ ဖြစ်ကြောင်းလည်း သိရသည်။