Published: 9 December 2021

တန်ဖိုးမြင့်ငွေစက္ကူများ ထုတ်ဝေသွားဖွယ်ရှိနေတယ်လို့ သတင်းများထွက်ပေါ်နေတာဟာ ကောလာဟလ သတင်းတွေသာဖြစ်တယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ရာမှာ လူမှုကွန်ယက်စာမျက်နှာမှာ ငွေစက္ကူ ၂၀၀၀၀ကျပ်တန်၊ ၅၀၀၀၀ကျပ်တန်များ ထုတ်မည်ဟု သတင်းထွက်ပေါ်နေပြီး ယင်းသတင်းမှာ ကောလာဟလသာဖြစ်တယ်လို့ ဗဟိုဘဏ်ကဆိုပါတယ်။

ဒါ့အပြင်ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူတန်ဖိုးအမျိုးအစားသစ် ထုတ်ဝေခြင်း၊ ထုတ်ဝေပြီးသောငွေစက္ကူများကို ပုံစံသစ်ပြောင်းလဲခြင်းထုတ်ဝေခြင်း ကိစ္စရပ်များဆောင်ရွက်မည်ဆိုပါက ပြည်သူများကို ကြိုတင်ကြေညာအသိပေး ဆောင်ရွက်မည်ဖြစ်ကြောင်းနဲ့ ယခုထွက်ပေါ်နေသော ငွေစက္ကူသစ်များ ထုတ်ဝေမည့်သတင်းမှာ မဟုတ်မမှန်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန် တာဖြစ်ပါတယ်။