#Local_News
Published_ 13 February 2023

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS)တွင် ဖေဖော်ဝါရီလ ၁၂ ရက်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း သိရသည်။

 

အဆိုပါ Sky Cable Car ပေါ်မှ ပတ်ဝန်းကျင်ရှုခင်းများကို အမြင့်မှကြည့်ရှုနိုင်ကြောင်း၊ Sky cable Car ပြေးဆွဲမည့်လမ်းကြောင်းမှာ အသွားအပြန်(၁၁၀၈)မီတာ ရှည်လျားကာ Drive Station House၊ Return Station House အဆောက်အဦ(၂)လုံး၊ Tower (၆)ခုပါဝင်တည်ဆောက်ထားပြီး လူလိုက်ပါစီးနင်းနိုင်သည့် (၄)ယောက်စီး Cabins (၃၆)လုံး တပ်ဆင်မောင်းနှင်ကာ အသွားအပြန် Full Circle တစ်ပတ်လျှင် (၂၄)မိနစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

လာရောက်လည်ပတ် အပန်းဖြေအနားယူသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် Sky Cable Car စီးနင်းနိုင်ရန် Skycable Way တည်ဆောက်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်း၊ Safety Precaution၊ Emergemcy Rescue Drills ဆောင်ရွက်ခြင်းလုပ်ငန်းများကို စစ်ဆေးစမ်းသပ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

 

အဆိုပါ အပမ်းဖြေစခန်းကို နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

#ymg/mt
#Yangon_Media_Group