#Daily_News
Published 12 August 2025
၁။အာဆီယံ-တရုတ် ဒူးရင်းပွဲတော်၌ မြန်မာ့ ဒူးရင်းထွက်ကုန်စားဖွယ်ရာများ ပါဝင်ပြသခဲ့
၂။ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံပွဲ၌ ရိုးရာလှေပြိုင်ပွဲထည့်သွင်းကျင်းပမည်
၃။ရန်ကုန်၌ မိုးစပါးဧက(၁၀)သိန်းကျော် စိုက်ပျိုးထား
၄။ တရုတ်ပြည်၌မျိုးသုဉ်းအန္တရာယ်ရှိနေသည့် ရှဝေါစကီးမြင်းမျိုးစိတ် ပုံမှန်တိုးပွားလျက်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်း၊ ငွေလဲနှုန်းကျဆင်းလာခြင်းနှင့်အတူ မြန်မာ့ရွှေပြင်ပပေါက်ဈေးလည်း တဖြေးဖြေးကျဆင်းလာတယ်လို့ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
#YMG/SW #Yangon_Times
#မြန်မာ့ရွှေပြင်ပပေါက်ဈေး #ကမ္ဘာ့ရွှေဈေးကျဆင်း
Published 12 August 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုမိုးရာသီအတွက် ဇူလိုင်လကုန်အထိမိုးစပါးဧက(၁၀)သိန်းကျော် စိုက်ပျိုး ထားပြီးဖြစ်တယ်လို့ ရန်ကုန်
တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 12 August 2025
#ရန်ကုန်မိုးစပါးဧက #မိုးရာသီ
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံပွဲ၌ ရိုးရာလှေပြိုင်ပွဲထည့်သွင်းကျင်းပသွားမယ်လို့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဂေါပကအဖွဲ့ကသိရပါတယ်။
#Local_News
Published 12 August 2025
#အင်းလေးဖောင်တော်ဦးဘုရား # ရိုးရာလှေပြိုင်ပွဲထည့်သွင်းကျင်းပ
#YMG/NN #Yangon_Times
အာဆီယံ-တရုတ်စင်တာမှ ကြီးမှူး၍ ယခုလ( ၉ )ရက်က ပြုလုပ်တဲ့ “Durian Fest: Bridging with Taste” ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပသည့် အာဆီယံ-တရုတ်ဒူးရင်းပွဲတော်မှာ မြန်မာ့ဒူးရင်းထွက်ကုန်စားဖွယ်ရာများ ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 August 2025
#ဒူးရင်းပွဲတော်ပြသ #အာဆီယံ-တရုတ်စင်တာ
#YMG/SW #Yangon_Times
#Local_News
Published 12 August 2025
သံလွင်နှင့်စစ်တောင်းမြစ်ရေ အနည်းငယ်ပြန်လည်ကျဆင်း လာသော်လည်း စိုးရိမ်ရေမှတ်အထက်၌ ဆက်ရှိမည်ဖြစ်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထုတ်ပြန်ထားသည်။
ဘားအံမြို့ သံလွင်မြစ်ရေ နှင့် မဒေါက်မြို့ စစ်တောင်းမြစ်ရေသည် ယနေ့ ဩဂုတ် ၁၂ ရက်မနက်ပိုင်း တိုင်းတာချက်များအရ စိုးရိမ်ရေမှတ်အထက်မှာ တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေကျော်လွန်နေပြီ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ကို ၂ ပေခွဲခန့်ကျော်လွန်နေကြောင်း သိရသည်။
ထိုကြောင့် ဘားအံမြို့နယ် နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနေထိုင်ကြရန်လည်း အသိပေးထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 August 2025
▪️ တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ယမာန်နေ့က ရောက်ရှိလာ ကြောင်းသိရသည်။
▪️ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် T & Z Finance Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ3X အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Shwe Thway Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD SONG L အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD SEALION 07 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 403 of 2529