#Daily_News
Published 21 August 2025
၁။ ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် တစ်အိမ်ထောင်လျှင် ကျပ်ငွေလေးသိန်းပေးအပ်
၂။ ကန်ထရိုက်လယ်ယာကို ဆန်Export Zone အဖြစ် သတ်မှတ်ရန်ဆောင်ရွက်နေ
၃။ ရေထွက်ကုန် ငါးတန်ချိန် ရှစ်သောင်းကျော်တင်ပို့ထား
၄။ အမေရိကန်နှင့်ကုန်သွယ်ရေးကျဆင်းသော်လည်း ဟမ်းဘတ်ဆိပ်ကမ်း၌ကွန်တိန်နာများစံချိန်တင်ရောက်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြင်းအားမြင့် ငလျင်ဒဏ်ခံခဲ့ရတဲ့ အင်းလေးကန်ဒေသရှိ ပြည်သူတွေကို ပံ့ပိုးဖို့ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အစီအစဥ်သစ်တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က မိတ်ဆက်ခဲ့ပါတယ်။
#Local_News
Published 21 August 2025
#အင်းလေး #ငလျင်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်လေးလတာအတွင်း အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်တန်ဖိုးရှိတဲ့ ရေထွက်ကုန် ငါးတန်ချိန် ရှစ်သောင်းကျော်တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ကသိရပါတယ်။
#Local_News
Published 21 August 2025
#ရေထွက်ကုန်ငါးတန်ချိန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
ဆန်အိပ်စပို့ ကုမ္ပဏီတွေအနေနဲ့ တောင်သူလယ်သမားတွေနဲ့ ပူးပေါင်းပြီး ကန်ထရိုက်လယ်ယာကို Export Zone အဖြစ်သတ်မှတ်ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 21 August 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ဆန်အိပ်စပို့ကုမ္ပဏီ
#YMG/NN #Yangon_Times
ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းက ကျေးရွာများတွေမှာ ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဘေးသင့် အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးအတွက် ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ယမန်နေ့က ပြုလုပ်ခဲ့ပြီးအိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေ ကျပ် လေးသိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှသိရပါတယ်။
#Local_News
Published 21 August 2025
#ငလျင် #နေပြည်တော်တပ်ကုန်းမြို့နယ်
#YMG/SW #Yangon_Times
#Local_News
Published 21 August 2025
▪️ ယာယီရပ်နားထားခဲ့ရသည့်နောင်ချိုမြို့မှ DVB T2 စနစ်ဖြင့် ထပ်ဆင့်ထုတ်လွှင့်ပေးသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အစီအစဉ်များကိုဩဂုတ် ၂၀ ရက် နံနက်ပိုင်းမှစ၍ ပြန်လည်ထုတ်လွှင့်နိုင်ပြီဖြစ်ကြောင်းသိရသည်။
▪️ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နောင်ချိုထပ်ဆင့်လွှင့် စက်ရုံမှ DVB T2 စနစ်ဖြင့် ပြန်လည်ထုတ်လွှင့်နိုင်ရန်အတွက် နေပြည်တော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ စက်မှုဌာနခွဲမှ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့သည် ဩဂုတ် (၁၇)ရက် ညနေပိုင်းမှစ၍ ထိခိုက်ပျက်စီးခဲ့သည့် ထုတ်လွှင့်ရေးတာဝါတိုင်၊ ထုတ်လွှင့်ရေးအင်တီနာနှင့် High Frequency Feeder Cable တို့အား နေ့ညကြိုးပမ်းပြုပြင်ခြင်း၊ ပျောက်ဆုံးခဲ့သည့် လွှင့်စက်နှင့် ဆက်စပ်ပစ္စည်းများအား အစားထိုးတပ်ဆင်ခြင်းများဖြင့် ဦးစားပေးစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ထို့အပြင် မြန်မာ့အသံရေဒီယိုနှင့် FM အစီအစဉ်များ ပြန်လည်ထုတ်လွှင့်နိုင်ရေးအတွက်လည်း ဆက်လက်ပြုပြင်လျက်ရှိပြီး စက်ရုံအဆောက်အအုံနှင့် အုတ်တံတိုင်းပျက်စီးမှုများကိုလည်း ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော အစီအစဉ်များကို DTH စနစ်ဖြင့်လည်း နိုင်ငံတစ်ဝန်းသို့ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကြောင့် နောင်ချိုမြို့မှ DVB T2 စနစ်ဖြင့် ထပ်ဆင့်ထုတ်လွှင့်ပေးသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အစီအစဉ်များမှာ ၂၀၂၄ ခုနှစ် ဇွန် (၃၀) ရက်နေ့မှ စတင်ပြီး ယာယီရပ်နားထားခဲ့ရခြင်းဖြစ်သည်။
#YMG/SW #Yangon_Times
#Local_News
Published 21 August 2025
ယမန်နေ့ည ၁၀နာရီအချိန်ခန့်က သာကေတ၊ ရှုခင်းသာလမ်းမပေါ်တွင်ကွန်တိန်နာကားနှင့် အိမ်စီးကားမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ်လ(၂၀)ရက် ည ၉နာရီ ၄၅မိနစ် အချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊ Emerald Bays ရှေ့တွင် တစ်ဘက်ယာဥ်ကြောမှ လမ်းအလယ်တုန်းအား ကျော်ထွက်လာသော ကွန်တိန်နာ ကားကြီး နှင့် မျက်နှာချင်းဆိုင်မှလာသော Toyota Caldina အမျိုးအစား ယာဥ်ငယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်သို့ YANGON RESCUE ORGANIZATION ရန်ကုန်တိုင်း ပြန်ကြားရေး -၂ နှင့် ရန်ကုန်တိုင်း တွဲဘက်ပြန်ကြားရေး
(သင်္ဃန်းကျွန်းခရိုင်)တို့ ကူညီရန် ရောက်ရှိခဲ့ကြပြီးမိတ်ဖက်အသင်းများလည်း ကူညီရန်ရောက်ရှိကြကြောင်း၊ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ Caldina ယာဥ်မောင်းအား မြေပြင်ပြုစုမှုပြုပေးပြီး "အောင်ရဲသူ" ကူညီကယ်ဆယ်ရေးအသင်း၏ လူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 392 of 2529