စက်တင်ဘာ၃၊၂၀၂၅ (ဘေဂျင်း)-
တရုတ်နှင့်မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသည့် အရေးကြီးသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အသင့်ရှိတယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဟန်ကျန့် က မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက သတင်းရေးသားပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာ ဟန်ကျန့်တို့သည် စက်တင်ဘာ ၂ ရက် အင်္ဂါနေ့က တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဘေဂျင်းမြို့တော်တွင်တွေ့ဆုံစဉ် တရုတ်ဒုတိယသမ္မတက ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဆက်လက်တိုးတက်စေရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အသင့်ရှိတယ်လို့ မစ္စတာဟန်ကျန့်က ဆက်လက်ပြောဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံ ငလျင်ဒဏ်ခံရပြီးနောက် ချက်ချင်းအကူအညီပေးခဲ့သည့်အတွက် တရုတ် နိုင်ငံကို မင်းအောင်လှိုင်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီအပြင် သမ္မတရှီက အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ Global Governance Initiative (GGI) ကို မြန်မာ နိုင်ငံက ထောက်ခံကြောင်းနှင့် မြန်မာ-တရုတ် အေးအတူပူမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ရှေ့ဆက်မြှင့်တင်ရန် ကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေး နှင့် ၈၀နှစ်မြောက် ဖက်စစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်၃၀ရက်ကတည်းက ရောက်ရှိနေခြင်း ဖြစ်ပါတယ်။
#ymg #Xinhua
#Daily_News
Published 03 Sept 2025
၁။ ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနေရာတွင် မြန်မာရပ်တည်နေ
၂။ Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၂၀၀ကျော် တွေ့ရှိထား ၊ကရုဏာထောက်ပံ့ကြေးတစ်ဦးလျှင် ကျပ်သိန်း(၁၀၀)ပေးအပ်မည်
၃။ ပြည်ပသို့ ကန်ဒေါ်လာ(၁)သန်းကျော်ရှိ ပျားရည်တန်ချိန်(၇၀၀)ကျော်တင်ပို့ထား
၄။ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးအစီအစဉ်အား SCOအစည်းအဝေး၌ရှီကျင့်ဖျင်အဆိုပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ရဲ့ ဖိတ်ကြားချက်အရ ပေကျင်းမြို့ကိုရောက်နေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ စက်တင်ဘာလ ၃ ရက်နံနက်ပိုင်းတွင် ပေကျင်းမြို့၊ Tiananmen ရင်ပြင်မှာပြုလုပ်တဲ့ “တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား”ကို တက်ရောက်ခဲ့ပါတယ်။
#Local_News
Published 03 Sept 2025
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ #ပေကျင်းမြို့
#YMG/PP #Yangon_Times
အခုဘဏ္ဍာနှစ် လေးလတာအတွင်းပြည်ပနိုင်ငံတွေကို အမေရိကန် ဒေါ်လာ(၁)သန်းကျော်တန်ဖိုးရှိ (၇၀၀)ကျော်တင်ပို့ထားတယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံဖြိုးရေး ဌာနခွဲကသိရပါတယ်။
#Local_News
Published 03 Sept 2025
#ပျားရည် #ကန်ဒေါ်လာ(၁)သန်း
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦးကနေ ဒီကနေ့အထိ
ရုပ်အေ-လာင်း (၂၀၀) ကျော်ရှာဖွေတွေ့ရှိထားပြီး ၊ကရုဏာ
ထောက်ပံ့ကြေးတစ်ဦးကို ကျပ်သိန်း(၁၀၀)ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ဆောက်လုပ်ရေးကုမ္ပဏီက သိရပါတယ် ။
#Local_News
Published 03 Sept 2025
#Sky_Villaကွန်ဒို #ငလျင်
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးရစစ်တမ်းတွေအရ ထိုင်းနိုင်ငံရှိကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနိုင်ငံအဖြစ် မြန်မာနိုင်ငံကရပ်တည်နေတယ်လို့ Nation Thailand ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
#Local_News
Published 03 Sept 2025
#ထိုင်းကွန်ဒို #Nation_Thailand
#YMG/SW #Yangon_Times
#Local_News
Published 03 September 2025
▪️ လိုင်စင်ဆိုင်ရာအခကြေးငွေ ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီများအား အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
▪️ အသိပေးချက်တွင်လိုင်စင်ဆိုင်ရာ အခကြေးငွေများပေးသွင်းခြင်းနှင့် လုပ်ငန်းအစီရင်ခံစာများပေးပို့ခြင်းတို့အား ဆောင်ရွက်ရန်ပျက်ကွက်လျက်ရှိသည့် (၁) Sane Shwe Htin Co., Ltd [ NFS(C) လုပ်ငန်းလိုင်စင်ရ]
(၂) Thunder Arrow Co., Ltd [ NFS(C) လုပ်ငန်းလိုင်စင်ရ]ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းနှစ်ခုသည် ၂၀-၂-၂၀၂၃ နေ့တွင် လိုင်စင်ရရှိထားသော်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူ၏ တာဝန်များအား လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၃၉ (က) (၂) အရ ထိုက်သင့်သောအခွင့်အရေးပေးသည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဖြေရှင်းချက်နှင့်အတူ သက်ဆိုင်ရာအခကြေးငွေများ လာရောက်ပေးသွင်းပါရန်နှင့် သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၇၄၇၉ သို့လည်းကောင်း စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 329 of 2481