#Local_News
Published 19 April 2025
▪️ မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးေ ကြာင့် ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်ပေါင်း ၁၄၂ကြိမ်လှုပ်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂ဝ၃ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည်လက်ရှိအထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၅၄ ဦးအားရှာဖွေပေးနိုင်ခဲ့ကာအဆိုပါ ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများတွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်သူ ၈ ဦးနှင့် သေဆုံးသူ ၂ဝ၃ ဦးတို့အား
ရှာဖွေကယ်ဆယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ငလျင်ဒဏ်သင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၁၈ ရက်
နေ့နံနက် ၇ နာရီ အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စီး၊ သင်္ဘော၆ စီး၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးဆေးဝန်ထမ်း ၁၉၇၅ ဦး၊ ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ ကန် နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ
၅၉ တန်၊ စုစုပေါင်းတန်ချိန် ၃၅၀၃ ဒသမ ၅၇ တန်တို့ရောက်ရှိ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ထို ပြည်တွင်း၊ ပြည်ပအလှူနှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ လက်ဝယ်အရောက်အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 April 2025
▪️ မတ်လ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင်ဖြစ်သည့် နန်းမြင့်မျှော်စင်ပြိုကျမှုတွင် ပိတ်မိကျန်ရှိနေသည့် မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ကြွင်းကျန်ရုပ်အလောင်းအား ရှာဖွေထုတ်ယူရန် တံတားဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် (အမရပူရ) သိရိဆင်ကာလူမှုကူညီရေးအဖွဲ့၊ စိတ္တသုခလူမှုကယ်ဆယ်ရေးအဖွဲ့(တွံတေး)နှင့် အဖြူရောင်လူမှုကယ်ဆယ်ရေးအဖွဲ့(တွံတေး)အဖွဲ့များဖြင့်ပူးပေါင်း၍ ယနေ့ ဧပြီလ ၁၉ရက် မီစတင်၍ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထို့အတူအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၁×၂၂ လမ်း၊ ၈၀ ×၈၁ ကြားရှိ အင်ကြင်းကွန်ဒို အဆောက်အအုံပြိုကျမှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ယနေ့တွင်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ နံနက်၁၀နာရီ ၁၅ မိနစ်အချိန်တွင် ကျား(၁)ဦး ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၁၈ ဧပြီ ၂၀၂၅
ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည် တွက်ချက်ရေးဆွဲသွားရန်စီစဉ်နေတယ်လို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဧပြီ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌ ရုံးအစည်းအဝေးခမ်းတွင်ကျင်းပခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို ခဲ့ခြင်းဖြစ်ပါ တယ်။
အဲသလိုစီစဉ်ရာမှာ ငလျင်မကြာခဏလှုပ်ခတ်လျက်ရှိသည့်နိုင်ငံများမှ အဆောက်အဦများတည်ဆောက် ထားရှိမှုများကိုနမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။ တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင်တည်ရှိနေသည့် အဆောက်အဦ များကို ပြောင်းရွှေ့နေရာချထားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောတယ်လို့ နစကသတင်း ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
ဝန်ထမ်းအိမ်ရာ များပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဖြစ်အောင် ဆောင်ရွက်သွားရန်လည်း ဗိုလ်ချုပ်မှူးကြီးက မှာကြားပါတယ်။
အဲဒီနောက်အစည်းအဝေးတက်ရောက်လာတဲ့ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် နစက ကောင်စီဝင်များ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေမှုများကို ကဏ္ဍအလိုက်တင်ပြခဲ့ကြပါတယ်။
ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတကာမှလည်း ကူညီမှုများဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ဧပြီ ၁၇ ရက်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နှင့်တွေ့ဆုံဆွေးနွေး ခဲ့ပြီး အာဆီယံအဖွဲ့ အနေဖြင့် ကူညီဆောင်ရွက်ပေးမယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ရှားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ယနေ့အထိ သေဆုံးသူ (၃၆၆၈) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄၈၂၄) ဦး၊ ပျောက်ဆုံးသူ (၁၂၆) ဦးရှိပြီဖြစ်ပါတယ်။
#ymg/knl
Nay Pyi Taw, April 18 2025- Senior General Min Aung Hlaing, Chairman of the State Administration Council (SAC) and Prime Minister of Myanmar, has announced that Nay Pyi Taw's urban layout will be recalculated and redesigned in the aftermath of the recent earthquake that impacted the capital.
Speaking during a Union Government coordination meeting held on April 18 at the SAC Chairman’s Office in Nay Pyi Taw, the Senior General emphasized the need for updated city planning in light of seismic risks.
He stated that the redesign will draw on the experience of other earthquake-prone nations, with a focus on constructing more resilient infrastructure. Buildings currently situated along active fault lines may be relocated as part of the new urban planning strategy, he added.
The Senior General also directed that all new staff housing developments must be built to withstand earthquakes up to magnitude 8 on the Richter scale.
Deputy Prime Minister and Vice Senior General Soe Win, along with SAC council members, Union-level officials, and Union Ministers, were present at the meeting. They provided updates on earthquake recovery and rehabilitation efforts across various sectors.
Senior General Min Aung Hlaing further noted that international support for recovery efforts is ongoing. He referenced his recent meeting with Malaysian Prime Minister—who currently serves as the rotating ASEAN Chair—held on April 17 in Bangkok. During the talks, the Malaysian leader pledged ASEAN’s support for Myanmar’s earthquake recovery and reconstruction activities.
According to the latest official figures, the powerful earthquake that struck Myanmar on March 28 has so far claimed the lives of 3,668 people, left 4,824 injured, and 126 reported missing.
#ymg/knl
#Daily_News
Published 18 Apirl 2025
၁။ မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းခန့်အရေးပေါ် အကူအညီများလိုအပ်နေ
၂။ ဘောဂဝတီနဂါးမယ်တော်စေတီတော်ကို ပရိတ်ချဉ်မျှင်ဖြင့် ရွှေထီးတော်တင်လှူ
၃။ MCEF မှ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့
၄။ တရုတ်သမ္မတရှီကျင့်ဖျင်က အဆင့်မြင့်မဟာဗျူဟာအသိုက်အဝန်းတည်ထောင်ရေး အဆိုပြုချက် ၃ချက်ကို မလေးရှားနိုင်ငံသို့ အဆိုပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်ခြင်းနဲ့အတူ မြန်မာ့ရွှေပြင်ပပေါက်စျေးတစ်ကျပ်သား ကျပ်သိန်း၇၃သိန်းအထိရှိလာတယ်လို့ ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 18 Apirl 2025
#ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက် #မြန်မာ့ရွှေပြင်ပပေါက်စျေးမြင့်
#YMG/SW #Yangon_Times
မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#MCEF #နေအိမ်၈၁လုံးကိုစစ်ဆေး
#YMG/SW #Yangon_Times
Page 149 of 2132