Published 1 April 2022

အမေရိကန်နိုင်ငံသားတွေထဲက လိင်ပြောင်းထားသူတွေဟာ ဧပြီ၁၁ရက်ကစပြီး  နိုင်ငံကူးလက်မှတ်လျှောက်လွှာထဲက လိင်ရွေးချယ်မှု အပိုင်းမှာ  ကျား၊မ အခြား X အမှတ်အသား ကို ရွေးချယ်ပေးနိုင်တော့မယ်လို့ အမေရိကန်အစိုးရက ကြာသပတေးနေ့က ကြေညာပါတယ်။

သူတို့ဟာ သူတို့ရဲ့ မွေးစာရင်းနှင့် အခြားတရားဝင်စာရွက်စာတမ်းတွေမှာ လိင်အမျိုးအစားနှင့်ပတ်သက်လို့ ဘယ်လိုပဲ ရေးထားထား အမှတ်ကို ရွေးချယ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ လိင်ပြောင်းထားတဲ့၊ကျားလိင် မလိင်မဟုတ်တဲ့ အမေရိကန်နိုင်ငံသားတွေအတွက် တိကျတဲ့ အသိအမှတ်ပြုစာရွက်စာတမ်းတွေရရှိဖို့ သမ္မတရဲ့ ကတိကဝတ်အပေါ် လုပ်ဆောင်ရာမှာ အဓိကကျတဲ့ ခြေလှမ်းဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

Source AFP

Published 1 April 2022 အမေရိကန်နိုင်ငံသားတွေထဲက လိင်ပြောင်းထားသူတွေဟာ ဧပြီ၁၁ရက်ကစပြီး နိုင်ငံကူးလက်မှတ်လျှောက်လွှာထဲက လိင်ရွေးချယ်မှု အပိုင်းမှာ "/>