#World_News
Published 27 August 2024


▪️ ရုရှားတို့က တနင်္လာနေ့မှာ ယူကရိန်းဘက်ကို ဒုံးကျည်နဲ့ ဒရုန်း ၂၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၇ ဦးသေဆုံးခဲ့ပြီး စွမ်းအင်အဆောက်အအုံများ ထိမှန်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

 

▪️ ဒါ့အပြင် နေတိုး(NATO)အဖွဲ့ဝင် ပိုလန်နိုင်ငံက ယင်းလေကြောင်းပိုင်နက်ထဲသို့ ဒရုန်းတစ်စင်း ဝင်ရောက်ခဲ့တယ်လို့လည်း တင်ပြထားပါတယ်။

 

▪️ ရုရှားတို့က ယူကရိန်းနိုင်ငံတဝှမ်းရှိ စွမ်းအင်နဲ့ အခြားအရေးကြီး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကာ မြို့တော်ကိဗ်အပါအဝင် နေရာအများအပြားမှာ ဓာတ်အားနဲ့ ရေရရှိမှု ပြတ်တောက်သွားတယ်လို့ အရာရှိများက ဆိုပါတယ်။

 

▪️ ရုရှားဟာ မတ်လကတည်းက ဓာတ်အားလိုင်းတွေကို တိုက်ခိုက်လာခဲ့ရာ လာမယ့်ဆောင်းရာသီ လူတွေ လျှပ်စစ်ဓာတ်အားနဲ့ အပူပေးစနစ်များ အလိုအပ်ဆုံးအချိန် မရောက်မီ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

 

▪️ ဝင်လာတဲ့ ဒုံးကျည် ၁၂၇ စင်းထဲက ၁၀၂ စင်းနဲ့ ဒရုန်း ၁၀၉ စင်းထဲက ၉၉ စင်းကို လေတပ်က ပစ်ချနိုင်ခဲ့ကြောင်း လေတပ်ဗိုလ်မှူး မစ်ကိုလာအိုလက်ရှ်ချုက တယ်လီဂရမ်မှာ ဖော်ပြခဲ့ကာ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းတို့ကနေ အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

▪️ ဒေသ ၁၅ ခုထိခိုက်ပျက်စီးခံရပြီး စွမ်းအင်ပိုင်းမှာ ပျက်စီးမှုများတယ်လို့ ဝန်ကြီးချုပ်နဲ့ သမ္မတ ဇယ်လန်စကီတို့က ဆိုပါတယ်။

 

▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားတိုက်ခိုက်မှုကို ရှုတ်ချလိုက်ကာ ယူကရိန်း ဓာတ်အားလိုင်းစနစ်များ ပြုပြင်ရေးအတွက် စွမ်းအင်ထောက်ပံ့ပစ္စည်းများဖြင့် ဆက်လက်ကူညီသွားမယ်လို့ ကြေညာလိုက်ပါတယ်။

 

▪️ ဇယ်လန်စကီက တိုက်ခိုက်ခံရမှုအတွက် သူ့ရဲ့ထိပ်သီးဗိုလ်မှူးနဲ့ ဆွေးနွေးပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

 

▪️ ရုရှားကာကွယ်ရေးဌာနက ယူကရိန်းဘက်မှ စစ်ရေးလုပ်ငန်းတွေကို ထောက်ပံ့နေတဲ့ စွမ်းအင် အဆောက်အအုံတွေကို ပစ်ခတ်ဖို့ တိကျမှုနှုန်းမြင့်မားတဲ့ လက်နက်များ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 

▪️ ထိုထဲမှာ ဓာတ်အားလိုင်းခွဲဌာနများ၊ ဓာတ်ငွေ့စခန်းများ၊ လေတပ်လက်နက် သိုလှောင်ခန်းများ ပါဝင်ပါတယ်။

 

▪️ ပိုလန်လေပိုင်နက်ထဲသို့ ဒရုန်းဖြစ်နိုင်ဖွယ်ရှိတဲ့ အရာတစ်ခု ဝင်ရောက်လာကာ ပိုလန်နယ်မြေထဲ ကျရောက်ခဲ့ဖွယ်ရှိတာကြောင့် ရှာဖွေစစ်ဆေးနေတယ်လို့ ပိုလန်တပ်မတော်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

▪️ အဆိုပါ တိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်မှ အနည်းဆုံးလူ ၇ ဦးသေဆုံးကာ ၄၇ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

 

▪️ နှစ်ဖက်စလုံးကတော့ အရပ်သားတွေကို ပစ်မှတ်ထားခြင်းမရှိဘဲ စစ်ရေးအတွက် အရေးပါမယ့် အခြေခံ အဆောက်အအုံတွေကိုသာ ဖျက်ဆီးရန် ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

 

#Source: Reuters