၁၃ ဇွန် ၂၀၂၅

▪️အစ္စရေးက ဇွန် ၁၃ ရက် စောစောပိုင်းတွင် အီရန်ရှိ နေရာတော်တော်များများကို  “Rising Lion”  စစ်ဆင်ရေးအမည်ဖြင့် စတင် တိုက်ခိုက်လိုက်ပါတယ်။

▪️ထိုသို့တိုက်ခိုက်သည့်အထဲတွင် နက်တန့် Natanz လိုသိကြတဲ့ နျူကလီယား အဆောက်အအုံ တွေ၊ တိုက်ချင်းပစ် ဒုံးကျည်စက်ရုံတွေ၊ IRGC လို့ခေါ်တဲ့ အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်တွေနှင့် နျူကလီးယားသိပ္ပံပညာရှင်တွေရဲ့ နေအိမ်တွေ လည်း ပါဝင်ပါတယ်။

▪️ယင်းတိုက်ခိုက်မှုကြောင့် မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုကြီးများဖြင့် တုန်ခါသွားခဲ့ပြီး ယူရေနီယမ် သန့်စင်စက်ရုံများ အတိုက်အခိုက်ခံရတယ်လို့ နက်တန့်ခ် ကအတည်ပြုပါတယ်။

▪️အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပြီး  အီရန် ဘက်ကနေ ဒုံးကျည်တွေ ဒရုန်းတွေနှင့်ပြန်လည်တိုက်ခိုက်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

▪️တိုက်ခိုက်မှုကြောင့် အီရန် တော်လှန်ရေးအစောင့်တပ်မှူး ဟူစိန်ဆာလာမီသေဆုံးခဲ့ပြီး  အခြားသော စစ်တပ်အကြီးတန်းခေါင်းဆောင်တွေနှင့် နျူကလီးယားသိပ္ပံပညာရှင်တွေလည်း အတိုက်ခိုက်ခံရတယ်လို့ သတင်းများကရေးသားပါတယ်။

#Source- News Agencies