Published 29 November 2021

တောင်အာဖရိကမှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ အိုမီခရွန်ကို ဦးတည်ပစ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို သူတို့ လုပ်ဆောင်ဖို့ လုပ်ငန်းတွေစတင်နေပြီလို့ နိုဗာဗက်စ် Novavax ကုမ္ပဏီကပြောကြားလိုက်ပါတယ်။

လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အဲဒီကာကွယ်ဆေးကို စမ်းသပ်ဖို့နှင့်ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်လိမ့်မယ်လို့လည်း သူတို့ကဆက်လက်ပြောကြားပါတယ်။

တကယ့်ဗိုင်းရပ်စ်ရဲ့ စပိုက်ပရိုတိန်းကို သူတို့ရဲ့ ကာကွယ်ဆေးထဲထည့်ထားတယ်လို့သိရပါတယ်။ဒါပေမယ့် အဲဒီစပိုက်ပရိုတိန်းဟာ ရောဂါမဖြစ်ဘဲ ခုခံအားစနစ်ကို အစပျိုးပေးနိုင်ပါတယ်။ သူတို့က မျိုးဗီဇကွဲအိုမီခရွန် B.1.1.529 ရဲ့ မျိုးဗီဇအစီအစဉ်ကို အထူးအခြေခံပြီး  စပိုက်ပရိုတိန်းတစ်ခုကို ဖန်တီးခဲ့ကြတယ်လို့ ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောပါတယ်။

“ ကနဦးလုပ်ငန်းက ရက်သတ္တပတ်အနည်းငယ်လောက်အချိန်ယူရပါမယ်” လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။ ကုမ္ပဏီရဲ့ရှယ်ယာလည်း သောကြာနေ့က ၉ရာခိုင်နှုန်းတက်သွားပါတယ်။

နိုဗာဗက်စ်ရဲ့ ကာကွယ်ဆေးကို အင်ဒိုနီးရှားက ဒီလစောစောပိုင်းမှာ အရေးပေါ်သုံးခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် ဖိလစ်ပိုင်မှာ ခွင့်ပြုခဲ့ပါတယ်။

ဒီနှစ်ကုန်မှာ အမေရိကန်က သူတို့ကို ခွင့်ပြုချက်ပေးဖို့ လမ်းကြောင်းပေါ်ရောက်နေပြီလို့ ကုမ္ပဏီကပြောပါတယ်။ အဲဒီအပြင် ဥရောပဆေးဝါးအေဂျင်စီနှင့်ကနေဒါတို့ရဲ့ ခွင့်ပြုချက်လည်းတောင်းခံထားပါတယ်။

အဲဒီအပြင် ဂျာမနီရဲ့ ဘိုင်အိုအင်န်တက်ခ်နှင့် ဂျွန်ဆင်အင်န်ဂျွန်ဆင်တို့ကလည်း သူတို့ရဲ့ကာကွယ်ဆေးတွေဟာ အိုမီခရွန် မျိုးဗီဇကွဲ အပေါ် အကျိုးသက်ရောက်မှုအပေါ်စမ်းသပ်နေတယ်လို့ပြောပါတယ်။

Source Reuters