#World_Health
Published 07 August 2026
■ ရေရှည်စိတ်ဖိစီးမှု ခံစားရခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း သိသိသာသာ သက်ရောက်နေပါတယ်။
■ ဖိစီးမှုကြောင့် ကော်တီဆော၊ အက်ဒရီနယ်လင်ဟော်မုန်းတို့ လှုံ့ဆော်စေကာ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ ဂလူးကို့စ်ပမာဏတို့ ပြောင်းလဲစေပါတယ်။
■ ဖိစီးမှုဟော်မုန်းတွေနဲ့ ရေရှည်ထိတွေ့တဲ့အခါ ကိုယ်ခံအားစနစ် အားနည်းစေပြီး ခန္ဓာကိုယ်မှာ ရောဂါတွေ ကူးစက်လွယ်လာပါတယ်။
■ သွေးလည်ပတ်စနစ် အမြဲမပြတ် ဖိအားများလာတဲ့အခါ သွေးတိုး၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း စတဲ့အန္တရာယ်တွေ မြင့်မားလာစေပါတယ်။
■ ဖိစီးမှုက အူလမ်းကြောင်း-ဦးနှောက် ချိတ်ဆက်မှုကို နှောင့်ယှက်ပြီး အူလမ်းကြောင်းအနာများဖြစ်ခြင်းနဲ့ အစာခြေခြင်းပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။
■ ဖိစီးမှုကြာရှည်ဖြစ်လာတဲ့အခါ အိပ်စက်မှုစက်ဝန်း နှောင့်ယှက်စေပြီး နာတာရှည်နွမ်းနယ်ခြင်းနဲ့ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်လာပါတယ်။
■ ဖိစီးမှုကြောင့် ရောင်ရမ်းမှုမြင့်တက်လာတဲ့အခါ ကိုယ်ခံအားစနစ်ရောဂါများနဲ့ ဇီဝဖြစ်စဉ် ပျက်ယွင်းခြင်းတို့နဲ့ ဆက်စပ်လာပါတယ်။
■ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ ဆေးပေးလမ်းညွှန် လိုက်နာခြင်းတို့ဖြင့် ဖိစီးမှုနဲ့ဆက်စပ်တဲ့ ရောဂါများ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Source: NDTV