#World_Health
Published 15 August 2026

■ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က မကောင်းတဲ့ ကိုလက်စထရော(LDL-C) လျှော့ချရန်အတွက် လစ်ဖန်ဒရာသောက်ဆေးပြားကို တစ်နေ့တစ်ကြိမ် သောက်သုံးရန် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

■ ယခင်က ထိုးဆေးများဖြင့်သာ ကုသနိုင်ခဲ့တဲ့ PCSK9 ပရိုတိန်းဓာတ်ကို တားဆီးရန် ထုတ်လုပ်ထားတဲ့ ပထမဆုံးသောက်ဆေး ဖြစ်ပါတယ်။

■ ဒီဆေးက ကိုလက်စထရော မြင့်မားနေသူများနဲ့ မျိုးရိုးလိုက် ကိုလက်စထရော လွန်ကဲတဲ့ရောဂါ(HeFH)ရှိတဲ့ လူကြီးများအတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းတို့အပြင် ပူးတွဲသုံးစွဲရန် ဖြစ်ပါတယ်။

■ PCSK9 ပရိုတိန်းဓာတ်ကို တားဆီးပေးခြင်းဖြင့် အသည်းမှ သွေးအတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောများကို ပိုမိုဖယ်ရှားပေးနိုင်ပါတယ်။

■ စမ်းသပ်ချက်များအရ သွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားသူတွေမှာ LDL-C ကို ပျမ်းမျှ ၅၆ ရာခိုင်နှုန်းနဲ့ မျိုးရိုးလိုက် ကိုလက်စထရော လွန်ကဲသူတွေမှာ ၅၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

■ စတက်တင်ဆေးများဖြင့်သာ လိုချင်တဲ့ ကိုလက်စထရော အနေအထား မရောက်နိုင်သူများ၊ ထိုးဆေးမလိုချင်သူများအတွက် သောက်ဆေးနည်းလမ်းသစ်တစ်ခု ဖြစ်လာစေပါတယ်။

■ လစ်ဖန်ဒရာဆေးဟာ သာမန်အားဖြင့် ခန္ဓာကိုယ်မှ လက်ခံနိုင်စွမ်းရှိပြီး ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေသာ ဖြစ်ကြပါတယ်။

■ ဒီဆေးဟာ နေထိုင်စားသောက်မှုပုံစံတွေ နေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ ဖြည့်စွက်ကုသမှုအဖြစ်သာ အသုံးပြုသင့်တယ်လို့ အလေးပေးပြောထားပါတယ်။

Source: Indian Express