#World_News
Published 15 August 2026
■ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဖလိုရက်စ်ကျွန်းအလွန်မှာ ဩဂုတ် ၁၅ ရက်နေ့ နံနက်အစောပိုင်းက ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကာ လူပေါင်းရာပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့(USGS)နဲ့ အင်ဒိုနီးရှားအာဏာပိုင်များ ပြောကြားခဲ့ပါတယ်။
■ ငလျင်ဗဟိုချက်က ဖလိုရက်စ်ကျွန်း မြောက်ဘက်ကမ်းလွန်၊ အင်ဒယ်မြို့ရဲ့ အနောက်မြောက်ဘက် ၆၈ ကီလိုမီတာခန့်အကွာမှာ တည်ရှိကြောင်း USGS က ဆိုပါတယ်။
■ ပထမအကြိမ် လှုပ်ခတ်ပြီးနောက် ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် နောက်ဆက်တွဲငလျင်များစွာ ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
■ အင်ဒိုနီးရှား မိုးလေဝသ၊ ဇလဗေဒနဲ့ ဘူမိရူပဗေဒအေဂျင်စီက အရှေ့နူဆာတန်ဂါရာ၊ တောင်ဆူလာဝေစီနဲ့ အနောက်နူဆာတန်ဂါရာ ပြည်နယ်များအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
■ ဆူနာမီလှိုင်းလုံးများက ၀.၅ မီတာမှ ၃ မီတာအထိ မြင့်တက်နိုင်တယ်လို့ အာဏာပိုင်များ သတိပေးခဲ့ပါတယ်။
■ ပင်လယ်ရေ ရုတ်တရက်ကျဆင်းသွားသဖြင့် ကမ်းရိုးတန်းနေပြည်သူများ အမြင့်နေရာသို့ အလျင်အမြန် ရွှေ့ပြောင်းခဲ့ကြပါတယ်။
■ ကနဦးထုတ်ပြန်ချက်များအရ ၁၉ မှ ၃၀ စင်တီမီတာရှိတဲ့ အသေးစားဆူနာမီလှိုင်းများ စမ်းသပ်တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
■ အဆောက်အအုံအချို့ နံရံများ အက်ကြောင်းထင်ပြီး ပျက်စီးမှုများ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူစာရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Source: CNA