#World_News
Published 14 July 2026
■ အမေရိကန်အနေဖြင့် ပင်လယ်ကွေ့အတွင်း အီရန်ရဲ့ သင်္ဘောလိုင်းများကို ပိတ်ဆို့မှု ပြန်လည်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ ဟော်မုဇ်ရေလက်ကြား ဆက်လက်ဖွင့်ထားနိုင်ရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့် ပြောကြားပြီးနောက် အမေရိကန်စစ်တပ်က အီရန်ကို ၃ ညဆက်တိုက် ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားမှာ ဆီတင်သင်္ဘောနှစ်စင်းလည်း ပစ်ခတ်ခံခဲ့ရပါတယ်။
■ အီရန်တို့ကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်မှာဖြစ်ပြီး သူတို့ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထရမ့်ပြောပြီးနောက်မှာ သူ့ရဲ့ညွှန်ကြားချက်ဖြင့် အမေရိကန်ဗဟိုစစ်ဌာနချုပ်က စတင်တိုက်ခိုက်ခဲ့ပါတယ်။
■ ထရမ့်က ပင်လယ်ကွေ့အတွင်း အီရန်သင်္ဘောလိုင်းများ ပိတ်ဆို့မှု ပြန်လည်လုပ်ဆောင်မှာဖြစ်ကြောင်း ကြေညာခဲ့ပြီး ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အခကြေးငွေကောက်ခံရန် အဆိုပြုခဲ့ပါတယ်။
■ ဒေသတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန်ဒုံးကျည်များ ပစ်ခတ်မှုကြောင့် ယူအေအီးပိုင် ဆီတင်သင်္ဘောနှစ်စင်း ထိမှန်ခဲ့ပြီး လူအသေအပျောက်များ ရှိခဲ့ပါတယ်။
■ အီရန်နဲ့ အမေရိကန်တို့ ဒုံးကျည်နဲ့ ဒရုန်းများဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး အီရန်ဘက်က အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
■ ကုလသမဂ္ဂ ရေကြောင်းသွားလာရေးအေဂျင်စီက နိုင်ငံတကာ ရေကြောင်းဖြတ်သန်းခွင့်အတွက် အခကြေးငွေကောက်ခံရန် ထရမ့်ရဲ့အဆိုပြုချက်ကို ကန့်ကွက်ခဲ့ပြီး ဒါဟာ ဥပဒေအရ အခြေခံမရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။
■ ပဋိပက္ခတွေကြောင့် ရေနံဈေးနှုန်းများ ၉ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်များနဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအခြေအနေများ ရိုက်ခတ်မှု ရှိစေပါတယ်။
Source: Reuters