#World_News
Published 09 October 2026
■ ၂၀၀၉ ခုနှစ်က Fort Hood စစ်စခန်းမှာ လူ ၁၃ ယောက်ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို အမေရိကန်စစ်တပ်က သေနတ်နဲ့ ပစ်သတ်ကွပ်မျက်မှာဖြစ်ပြီး ဒီပွဲကို အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့် သွားမယ်လို့ ပင်တာဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
■ ဒါဟာ အမေရိကန်မှာ ပြစ်ဒဏ်ကွပ်မျက်မှုကို မကြုံစဖူး ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်တာ ဖြစ်လာမှာပါ။
■ တပ်မတော် စိတ်ကျန်းမာရေးဆရာဝန်ဟောင်း Nidal Hasan ဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်း အမေရိကန်စစ်တပ်ရဲ့ သေနတ်နဲ့ပစ်သတ်တဲ့ ကွပ်မျက်မှုစနစ်နဲ့ သေဒဏ်ပေးခံရမယ့် ပထမဆုံးလူ ဖြစ်လာပါလိမ့်မယ်။ဒီကွပ်မျက်မှုကို လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့၊ တက္ကဆက်ပြည်နယ်ရှိ Fort Hood စစ်စခန်းမှာပဲ ပြုလုပ်ဖို့ လျာထားပါတယ်။
■ "ဒါကို တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။ အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်ပေးသွားမယ်" လို့ ပင်တာဂွန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း Hasan ကို သေနတ်နဲ့ ကွပ်မျက်ဖို့ ပန်းတိုင်ထားတွန်းအားပေးခဲ့သူဖြစ်ပြီး၊ အခုလို တိုက်ရိုက်ထုတ်လွှင့်မယ့်အစီအစဉ်ကို သူ့ရဲ့ X (Twitter) အကောင့်မှာ အတည်ပြုထားပါတယ်။
■ အမေရိကန် စစ်ဘက်ဆိုင်ရာဥပဒေအရ သေနတ်နဲ့ပစ်သတ် ကွပ်မျက်မှုကို သမ္မတကိုယ်တိုင် အတည်ပြုပေးရတာဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဝန်ကြီး Hegseth ရဲ့ ထောက်ခံချက်အတိုင်း အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
Source- Reuters