#World_Health
Published 08 October 2026
■ ဦးနှောက်ရဲ့ အမှိုက်စွန့်ထုတ်မှုစနစ် (Glymphatic System) အကြောင်းကို သိပ္ပံပညာရှင်တွေ သေချာသိရှိထားပေမဲ့ ဦးနှောက်အတွင်း အရည်စီးဆင်းမှု နှုန်းဟာ အလွန်နှေးကွေးလွန်းတာကြောင့် ပုံမှန် MRI နဲ့ တိုက်ရိုက်တိုင်းတာဖို့ ခက်ခဲခဲ့ပါတယ်။
■ Rochester တက္ကသိုလ်၊ Brown တက္ကသိုလ်နဲ့ Copenhagen တက္ကသိုလ်တို့က သုတေသနပညာရှင်တွေဟာ AI နည်းပညာကို အသုံးပြုပြီး အိပ်ပျော်နေချိန် ဦးနှောက်အတွင်း အရည်စီးဆင်းမှုနှုန်းနဲ့ အမှိုက်စွန့်ထုတ်မှု ဖြစ်စဉ်ကို တိုင်းတာနိုင်ခဲ့ကြပါတယ်။
■ ဦးနှောက်ရဲ့ သန့်ရှင်းရေးစနစ် (Glymphatic system) မှာ စီးဆင်းမှု အမြန်နှုန်း နှိုင်းယှဉ်ချက် နှစ်မျိုး ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို အရည်စီးဆင်း သန့်စင်ပေးတာဟာ အယ်လ်ဇိုင်းမား (Alzheimer's) ရောဂါကိုဖြစ်စေနိုင်တဲ့ အဆိပ်အတောက် ပရိုတင်း (Amyloid beta) တွေကို ဖယ်ရှားပေးဖို့အတွက် အလွန်အရေးပါပါတယ်။
■ လက်ရှိမှာတော့ ဒီနည်းပညာကို ကြွက်တွေမှာ စမ်းသပ်ထားတာဖြစ်ပြီး အနာဂတ်မှာ လူသားတွေရဲ့ ဦးနှောက်အတွင်း အရည်စီးဆင်းမှုကို MRI ဖြင့် စစ်ဆေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
■ နည်းပညာအောင်မြင်ပါက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ရှိမရှိ၊ အသက်အရွယ်ရလာမှုကြောင့် ဦးနှောက်သန့်စင်စနစ် ယိုယွင်းမှု ရှိမရှိနဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ စီးဆင်းမှု အခြေအနေကို စောစီးစွာစစ်ဆေးကုသနိုင်တော့မှာဖြစ်ပါတယ်။
■ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း ဟာ ဦးနှောက်ရဲ့ ကျန်းမာရေးအတွက် ရေချိုးသန့်စင်ပေးသလို အရေးပါတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးတာကြောင့် အယ်လ်ဇိုင်းမားရောဂါ (Alzheimer's Disease) မဖြစ်အောင် တိုက်ရိုက်ကူညီပေးပါတယ်။
Source- SciTechDaily